Pages

25.4.16

ဧရာဝတီမြစ်ရေ မြစ်ကြီးနားမြို့တွင် နောက်နှစ်ရက်အထိ ဆက်လက်မြင့်တက်မည်

မြန်မာနိုင်ငံ၏ အသက်သွေးကြောဟုတင်စားခံရသည့် ဧရာဝတီမြစ်ရေသည် မြောက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် မြစ်ကြီးနား မြို့နယ်အတွင်း နောက်နှစ်ရက်အထိ မြစ်ရေဆက်လက်မြင့်တက်လာနိုင်ကြောင်း ကချင်ပြည်နယ် မိုးဝေသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနက သတိပေးချက် ထုတ်ပြန်လိုက်သည်။

“မြစ်ရေကတော့ တက်တယ်။ ဒီနေ့ (ဧပြီလ ၂၄ ရက်နေ့) အထိ ၂၄ ပေတက်လာတယ်။ ဒါပေမဲ့ စိုးရိမ်ရေမှတ် မရောက်ပါဘူး။ နောက်နှစ်ရက် အထိမြင့်တက်လာနိုင်ပါတယ်။ ဒီမှာရေကျသွားရင် မြစ်ညှာ (မြစ်အောက်ပိုင်းကို စီးသွားမှာဆိုတော့ ဧရာဝတီမြစ်ကမ်း တစ်လျှောက်က ဒေသခံတွေအနေနဲ့ သတိထားနေသင့်တယ်” ဟု ကချင်ပြည်နယ် မိုးဝေသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးတင်ထိုက်က ပြောဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် လက်ရှိအချိန်မှ ဧပြီလ ၂၆ ရက်နေ့အထိ မိုးသက်လေပြင်းများတိုက်ခတ်ပြီး မိုးများနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ထုတ်ပြန်ထားသည်။
Credit To >>> The Voice Weekly

No comments:

Post a Comment