ကာတာနိုင်ငံအခြေစိုက် အူရီဒူးဆက်သွယ်ရေးကုမ္ပဏီသည် ပြိုင်ဆိုင်မှုများသော မြန်မာ့ဆက်သွယ်ရေး ဈေးကွက်တွင် မြန်နှုန်းပိုမိုကောင်းမွန်သော 4Gကွန်ရက်အင်တာနက်ကို ပထမဆုံးပေးနိုင်သည့် မိုဘိုင်း အော်ပရေတာဖြစ်သည်။
အူရီဒူးအနေဖြင့် ရန်ကုန်မြို့တွင်းမြို့နယ်များ၏ ထက်ဝက်ခန့်၊ မန္တလေးမြို့တွင်းမြို့နယ်အားလုံးနှင့် နေပြည်တော်မြို့နယ်များ၏ ၉ဝရာခိုင်နှုန်းခန့်ကို ကွန်ရက်လွှမ်းခြုံနိုင်ရန် ရည်ရွယ်ထားကြောင်း မေလ ၂ဝရက်နေ့တွင် ကျင်းပသော 4G ကွန်ရက်စတင်ထုတ်လွှင့်ခြင်းအခမ်းအနားတွင် အူရီဒူး၏ အမှုဆောင် အရာရှိချုပ် ရီးန်မေဇာက ပြောကြားခဲ့သည်။
3G နှင့် 4Gကွန်ရက်နှစ်ခုကြား အဓိကကွာခြားချက်မှာ ဆယ်ဆခန့် (ယေဘုယျအားဖြင့် ၂ဝ မီဂါဘိုက် မှ ၃ဝမီဂါဘိုက်အထိ) ပိုမိုမြန်ဆန်သော အင်တာနက်မြန်နှုန်းပင် ဖြစ်သည်။ သို့ရာတွင် အင်တာနက် ပိုမိုမြန်ဆန်သည့်အလျောက် ဖုန်းဘက်ထရီကို ပိုကုန်စေနိုင်သလို ဒေတာသုံးစွဲမှုကိုလည်း ပိုမိုမြင့်တက် စေမည်ဖြစ်သည်။
Credit To >>>The Myanmar Times
No comments:
Post a Comment