

ယနေ့ (မေ ၂၃ ရက်) တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ကျန်းမာရေး ဝန်ကြီးဌာနကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဟု လည်းကောင်း၊
တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနဟု လည်ကောင်း ပြောင်းလဲပြင်ဆင် သတ်မှတ်လိုခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ကလော မဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင်၊ ကျောက်တော် မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၊ ဖရူဆို မဲဆန္ဒနယ်မှ ဦးပဲ့ဒူ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်မှ စောယှားဖောင်အွာ၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဟန်၊ စစ်ကိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဦးကိုကိုနိုင်တို့က ဆွေးနွေးခဲ့ကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာတွင် ကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ် ငါးဦး ရှိသော်လည်း ထောက်ခံသည့် လွှတ်တော်ကိုယ်စားလှယ် များသဖြင့် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စု နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါသည်။
Credit To >>> Eleven Media Group
No comments:
Post a Comment