Pages

19.5.16

မွန်ပြည်နယ်အတွင်း ခရီးသွားအခြေခံ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ ၃ သန်း ထောက်ပံ့


မွန်ပြည်နယ်အတွင်းရှိ ခရီးသွားလာရေးကို အခြေခံသော
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးကူညီရန်
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ ၃ သန်း
ထောက်ပံပေးအပ်သွားမယ်လို့ ADB ရဲ့ ထုတ်ပြန်ချက်မှာ
ဖော်ပြထားပါတယ်။
အထောက်အပံပေ့းရေးစာချုပ်ကို မြန်မာနိုင်ငံတော်အစိုးရနဲ့
ADB တို့အကြား ယမန်နေ့က လက်မှတ်ရေးထိုးခဲ့ကြပြီး
အဆိုပါအထောက်အပံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်
ဂျပန်နိုင်ငံရန်ပုံငွေ (JFPR) မှဖြစ်ကာ ADB က
စီမံခန့်ခွဲခြင်းဖြစ်ပါတယ်။
ယခုအထောက်အပံ့မှာ ချောင်းဆုံ၊ ကျိုက်ထို၊ မော်လမြိုင်နဲ့ မုဒုံမြို့နယ်များမှာ
နေထိုင်ကြပြီး လက်မှုပစ္စည်းများ၊ ဒေသထွက် အစားအစာများကို
ခရီးသွားများနဲ့ ဒေသခံများသို့ ရောင်းချအသက်မွေးနေတဲ့
အမျိုးသမီးများအတွက် အလ်ုပအကိုင်နဲ့ စီးပွားရေး အခွင့်အလမ်းများကို
တိုးတက်လာစေမှာ ဖြစ်တယ်လို့ ADB မှ တာဝန်ရှိသူများက
ပြောပါတယ်။
မွန်ပြည်နယ်ရှိ ခရီးသွားလာရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးရေးစီမံကိန်းကို စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး၊
နည်းပညာနဲ့ ဈေးကွက် ရှာဖွေသတ်မှတ်ခြင်း၊ ဈေးကွက်ကို
ချိတ်ဆက်အသုံးပြုခြင်း စတဲ့ နယ်ပယ်တွေမှာ နည်းပညာနဲ့
ကျွမ်းကျင်မှုအခြေခံတဲ့ သင်တန်းများကို ဖော်ဆောင်ပေးမှာ
ဖြစ်ပြီး ရေရှည်တည်တံသော စီးပွားရေးလုပ်ငန်းများ
ထူထောင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုကို လျော့ချမှာ ဖြစ်ပါတယ်။
ADB သည် ဖိလစ်ပိုင်၊ မနီလာမြို့တွင် အခြေစိုက်ပြီး
စီးပွားရေးဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်အရ ရေရှည်တည်တံသော
ဖွံ့ဖြိုးမှုနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက်
ဦးတည်လုပ်ဆောင်လျက်ရှိပြီး ဂျပန်အစိုးရက ပံ့ပိုးတဲ့ JFPR က
ရေရှည်လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးအတွက်
အထောက်အပံ့ပေးလျက်ရှိပါတယ်။

Credit To >>>SFJ Strategy First Journal

No comments:

Post a Comment