
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို လာမည့် ဇွန် ၂၄ ရက်မှ ဇူလိုင် ၄ ရက်
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ၅၃ ကြိမ်မြောက်
ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာ
ကျောက်စိမ်းခန်းမမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ကျောက်မျက်ရတနာပြပွဲအတွင်း တင်ပြရောင်းချမယ့် ကျောက်စိမ်း၊
ကျောက်မျက်အတွဲများကို မေ ၁၉ ရက်မှ ဇွန် ၁၀ ရက်အထိ
စစ်ဆေးလက်ခံသွားမှာဖြစ်ပြီး အခြေခံရောင်းဈေးညှိနှိုင်း
သတ်မှတ်ခြင်းကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ခွင့်ပြုမိန်ရယူပြီး ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း
ဆောင်ရွက်နေတဲ့ နိုင်ငံသား ကျောက်မျက်ရတနာ
လုပ်ငန်းရှင်များ၊ ကျောက်မျက်ရတနာ အချောထည်
ထုတ်လုပ်ရောင်းချဝယ်ယူခြင်း လုပ်ငန်းများဆောင်ရွက်နေတဲ့
လုပ်ငန်းရှင်များ၊ ကျောက်မျက်ကုမ္ပဏီများ၊ ကျောက်မျက်ရတနာ
လုပ်ငန်းရှင် အသင်းဝင်နိုင်ငံသားများကို ပြပွဲသို့
တက်ရောက်ခွင့်ပြုမှာ ဖြစ်ပြီး ကျောက်မျက်ဥပဒေအရ
ခွင့်ပြုမိန့်နဲ့ လိုင်စင်ရယူထားသူများကို ၀ယ်ယူခွင့်ပြုမှာ
ဖြစ်ပါတယ်။ကျောက်မျက်ရတနာပြပွဲသို့
တက်ရောက်ဝယ်ယူလိုတဲ့ နိုင်ငံသားရတနာကုန်သည်များက
သတ်မှတ်ထားတဲ့ အာမခံစပေါ်ငွေနဲ့ ၀င်ကြေးပေးသွင်းရမှာ
ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်က ကျင်းပခဲ့တဲ့ ၅၂ ကြိမ်မြောက်
ကျောက်မျက်ရတနာပြပွဲကနေ ကျောက်မျက်နဲ့ ကျောက်စိမ်းအတွဲ
ရောင်းချရငွေ ယူရို ၉၄၉ သန်းကျော်ရရှိခဲ့ပါတယ်။
ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေကို မိုးကုတ်ရတနာနယ်မြေ၊
မိုင်းရှုးရတနာနယ်မြေ၊ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊
နန့်ယားဆိပ်ရတနာနယ်မြေ၊ ခန္တီးရတနာနယ်မြေ၊ မိုင်းညှင်း၊
တနိုင်းရတနာနယ်မြေ၊ ပူတာအို ရတနာနယ်မြေစတဲ့
နယ်မြေတွေကနေ အဓိကတူးဖော်ထုတ်လုပ်နေတယ်လို့
သိရပါတယ်။
Credit To >>>SFJ Strategy First Journal
No comments:
Post a Comment