ကမ္ဘာ့ ဒုတိယ အကြီးဆုံး စိန်တုံးကြီးကို လာမယ့် လထဲမှာ လန်ဒန်မှာ
လေလံတင်ရောင်းချသွားတော့မယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။
အဆိုပါ စိန်တုံးကြီးအတွက် ခန့်မှန်းခြေအနေနဲ့ ကန်ဒေါ်လာ သန်း ၇၀လေလံတင်ရောင်းချသွားတော့မယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။
ထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
အဆိုပါ Lesedi La Rona စိန်တုံးကြီးရဲ့ အလေးချိန်ဟာ ၁,၁၀၉ ကာရက်
ရှိပြီးတော့ အရွယ်အစားကတော့ တင်းနစ်ဘောလုံးတစ်လုံးစာလောက်
ရှိတယ်လို့ သိရပါတယ်။ ယင်းစိန်ရိုင်းတုံးကြီးကိုတော့ လာမယ့် လမှာ
လန်ဒန်မှာ နိုင်ငံတကာ လေလံဌာန Sotheby က လေလံတင်ရောင်းချသွားမှာဖြစ်ပါတယ်။

ယင်း စိန်တုံးကြီးကို နိုဝင်ဘာလတုန်းက တောင်အာဖရိက တောင်ပိုင်း
ဘော့စ်ဝါနာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ယင်းရဲ့ ခန့်မှန်း အဖိုးနှုန်း ကို
တွက်ချက်နိုင်ဖို့အတွက် လပေါင်းများစွာကြာမြင့်ခဲ့ပြီး ကျောက်မျက်ကျွမ်း
ကျင်သူတွေ ကလည်း ယင်းစိန်တုံးကြီးရဲ့ အရည်အသွေးပိုင်းကိုတွေ့ပြီး
တစ်ဒင်္ဂ အံ့အားသင့်ခဲ့ကြတယ်လို့ သိရပါတယ်။

" ဒီစိန်တုံးကြီးကတော့ အကြီးဆုံးသော အရည်အသွေး အကောင်းဆုံး
စိန်ရိုင်းတုန်းကြီးပါ၊ သူ့သက်တမ်းက နှစ်ပေါင်း ၂ ဒသမ ၅ ဘီလီယံနဲ့
၃ ဘီလီယံ အကြား ကြာမြင့်ခဲ့ပြီဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်" ဆိုပြီး Sotheby ဌာနက ထုတ်ဖော်ပြောကြားသွားပါတယ်။

ယင်းစိန်တုံးကြီးကို ပိုင်ဆိုင်တဲ့ ကနေဒါ ကုမ္မဏီ Lucara ကတော့ ယင်းကို
နှစ်ပေါင်း ၁၀၀ ကျော်အတွင်း တွေ့ရှိခဲ့သမျှထဲက အကြီးဆုံး စိန်ကြီးလို့
ပြောထားပါတယ်။ ယင်းစိန်တုံး တူးဖော်တွေ့ရှိခဲ့တဲ့နောက်မှာလည်း ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေဟာလည်း မြင့်တက်ထားခဲ့ပါတယ်။

ယင်းထက် ပိုကြီးတဲ့ ကမ္ဘာ့အကြီးဆုံးစိန်တုံးကြီးကတော့ ၁၉၀၅ ခုနှစ်
ကတောင်အာဖရိကမှာ တွေ့ရှိထားခဲ့တဲ့ Cullinan Diamond လို့ခေါ်တဲ့
အလေးချိန် ၃,၁၀၆ ကာရက်ရှိ စိန်တုံးကြီးပဲဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal
No comments:
Post a Comment