
ထိခိုက်လွယ်သော အကြောင်းကိစ္စရပ်များမှ အာရုံပြောင်းရန် ကြိုးပမ်းသည့်အနေဖြင့် တစ်နှစ်လျှင် လူမှုရေးမီဒီယာ ပို့စ်အတု ၄၈၈ သန်းကို တရုတ်အစိုးရက ဖန်တီးနေကြောင်း လေ့လာတွေ့ရှိချက်သစ်တစ်ခုတွင် ဖော်ပြချက်အရ သိရသည်။
သုတေသီများက အစိုးရဝန်ထမ်းများဖြင့် အောင်မြင်စွာ လည်ပတ်ဆောင်ရွက်နေသည့် သိုဝှက်သော စစ်ဆင်ရေးတစ်ခုဟု ဖော်ပြခဲ့သလို ၎င်းက တရုတ်နိုင်ငံ၏ သတင်းနှင့် အချက်အလက်ထိန်းချုပ်ရန် ဆန္ဒရှိနေမှုအပေါ် မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။
တရုတ်နိုင်ငံတွင် Google နှင့် Facebook အပါအဝင် နိုင်ငံခြား ဝက်ဘ်ဆိုက်များနှင့် လူမှုရေးကွန်ရက် အများအပြားကို တားမြစ်ထားသလို ပြည်တွင်း လူမှုရေးမီဒီယာဆိုက်များရှိ လှုပ်ရှားမှုများကိုလည်း အာဏာပိုင်အဖွဲ့များက အနီးကပ်စောင့်ကြည့်ခြင်း၊ စိစစ်ဖြတ်တောက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ဟားဗက်တက္ကသိုလ်မှ အချက်အလက်သုတေသီဖြစ်သူ ဂယ်ရီကင်း ဦးဆောင်သည့်အဖွဲ့သည် လူမှုရေးမီဒီယာပို့စ်တစ်ခုအတွက် အစိုးရထံမှ ယွမ် ပြား ၅၀ (၀.၀၈ ဒေါ်လာ) ရရှိသည့် တရုတ်ဝါဒဖြန့်ချိရေးသမားများဟု လူသိများသော “Fifty Cent Party” နှင့်စပ်လျဉ်း၍ လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“Fifty Cent Party” သည် အင်တာနက်ပေါ်ရှိ နိုင်ငံရေးနှင့်ပတ်သက်သော ဆွေးနွေးငြင်းခုံမှုများတွင် အစိုးရဘက်မှ ဝင်ရောက်ပြောကြားလေ့ရှိကြောင်း၊ ပို့စ်အများစုသည် အကြောင်းအရာခေါင်းစဉ်ကို ပြောင်းလဲပြီး လူများ၏အာရုံကို ပြောင်းလဲရန် ကြိုးပမ်းသည့် ပို့စ်များသာဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ထိခိုက်လွယ်သော အကြောင်းကိစ္စရပ်များမှ အာရုံပြောင်းရန် ကြိုးပမ်းသည့်အနေဖြင့် တစ်နှစ်လျှင် လူမှုရေးမီဒီယာ ပို့စ်အတု ၄၈၈ သန်းကို တရုတ်အစိုးရက ဖန်တီးနေကြောင်း လေ့လာတွေ့ရှိချက်သစ်တစ်ခုတွင် ဖော်ပြချက်အရ သိရသည်။
Credit To >>> Internet Journal
No comments:
Post a Comment