Pages

10.5.16

မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စု လွှတ်တော် သဘောတူ


မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးရန် ကိစ္စကို ယနေ့ (မေ ၁၀ ရက်) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် သုံးဦး ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က သဘောတူခဲ့ပါသည်။

ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး ဖာမွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ဖောင်းပြင်မဲဆန္ဒနယ် ဦးထွန်းဝေ၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းလွင်တို့က ထောက်ခံ ဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်က သဘောတူခဲ့ခြင်း ဖြစ်ပါသည်။
Credit To >>> Eleven Media Group

No comments:

Post a Comment