
ရန်ကုန်တိုင်းဒေသကြီး ကျောက် တံတားမြို့နယ် ကုန်သည်လမ်းရှိ အမှတ်(၄၉၁-၅ဝ၁) လူနေ ရှေးဟောင်း အဆောက်အအုံကို ရှေးမူလက်ရာမပျက် ပြန်လည်ပြုပြင် ရေးစီမံကိန်းပြီးစီးသည့် အခမ်းအနား ကို ယနေ့ နံနက် ၁ဝ နာရီက အဆိုပါ အဆောက်အအုံအတွင်း ကျင်းပ သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ရန်ကုန်မြို့တွင် ရှေးဟောင်း အဆောက်အအုံပေါင်းများစွာရှိပြီး နှစ်(၅ဝ)နီးပါးအတွင်း ရှေးဟောင်း အဆောက်အအုံများ တစ်စတစ်စ ပျောက်ဆုံးသွားခဲ့ကြောင်း၊ ရှေးဟောင်း အဆောက်အအုံများကို ကန်ထရိုက် စနစ်ဖြင့် အခန်းပေး အခန်းယူ ဆောက်လုပ်ခဲ့ကြပြီး ရှေးဟောင်း အဆောက်အအုံများ ဆုံးရှုံးသွားခဲ့ ကြောင်း၊ ရန်ကုန်မြို့ဟောင်းကို ရှေးမူမပျက် ဖွံ့ဖြိုးတိုးတက်သည့် မြို့သစ် ဖြစ်လာနိုင်ရန်အတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့၏ သစ်လွင်တောက်ပမှုနှင့် ရှေးဟောင်း အဆောက်အအုံများ၏ တည်ရှိနေမှု သည် ဒွန်တွဲနေဖို့လိုအပ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်အနေဖြင့် ရှေးဟောင်းအဆောက် အအုံများကို ထိန်းသိမ်းစောင့်ရှောက် ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အစိုးရအဖွဲ့နှင့် စိတ်တူ ကိုယ်တူ နိုင်ငံတကာအဖွဲ့အစည်း များက ပူးပေါင်းဆောင်ရွက်စေလိုပါ ကြောင်း ပြောကြားသည်။
အဆိုပါ အဆောက်အအုံသည် ၁၉ဝ၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ သည့် ရှေးဟောင်းအဆောက်အအုံ ဖြစ်ပြီး ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အကူအညီဖြင့်ွှကမဆကသငျန သြကညအငေည အဖွဲ့က ရှေးမူလက်ရာ မပျက် တာဝန်ယူတည်ဆောက်ခဲ့ ကြောင်း သိရသည်။
အမှတ်(၄၉၁-၅ဝ၁) လူနေ ရှေးဟောင်းအဆောက်အအုံတွင် မိသားစု ၁၂ စုခန့်ရှိကာ လူဦးရေ ၈ဝ နေထိုင်ပြီး အဆိုပါအဆောက် အအုံအနီး အာမေးနီးယန်း ချာ့ခ်ျ ဘုရားကျောင်းနှင့် ဂန္ဓီခန်းမ စသည့် ရှေးဟောင်း အဆောက်အအုံများရှိ ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံတွင် ၂ဝ၁၂ ခုနှစ်က ကွယ်လွန်ခဲ့သည့် မန္တလေးမြို့အခြေစိုက် လူထုသတင်းစာ ၏ ရန်ကုန်သတင်းထောက်၊ အင်္ဂလိပ် စာဆရာ၊ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူ၊ နာမည်ကျော်သတင်းစာ ဆရာ လူထုဦးစိန်ဝင်း နေထိုင်ခဲ့ ကြောင်း သိရသည်။
Credit To >>> The Mirror Daily
No comments:
Post a Comment