Pages

12.5.16

နိုင်ငံတကာအဖွဲ့အစည်းများအကြား ဆောင်ရွက်မည့်အလားအလာများ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရှင်းလင်း



မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အရေးပါမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂအေဂျင်စီ များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်က ယနေ့ မွန်းလွဲ ၂ နာရီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်လာ စေရန် ရေတိုစီမံချက်များနှင့် ရေရှည် ရည်မှန်းချက်များ ချမှတ်အကောင် အထည်ဖော်ရေး၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီရေး စသည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်မည့် အလားအလာများကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။



Credit To >>> The Mirror Daily

No comments:

Post a Comment