Pages

13.6.16

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတစ်သိန်းကျော် တည်ဆောက်ရန်လျာထား


မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်း တန်ဖိုးနည်း အိမ်ရာတိုက်ခန်းပေါင်း ၁၈ဝဝဝဝ ကို တည်ဆောက်ပေးရန် လျာထား သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာတိုက်ခန်းများအား မြို့ကြီးများတွင်သာမကကျေးလက်တောရွာများတွင်ပါ မြေနေရာရရှိမှုအပေါ်မူတည်၍ တည်ဆောက်ပေးသွားရန် စီစဉ်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားသည်။
''ဌာနအနေနဲ့က မြေနေရာသာ ရမယ်ဆိုရင် လက်ရှိဝန်ထမ်းတွေနဲ့ အငြိမ်းစား ဝန်ထမ်းတွေသာမက အများပြည်သူတွေအတွက် ကျပ်သိန်း ၈ဝ နဲ့ ၁ဝဝ ကြား တန်ဖိုးနည်းအိမ်ရာ တွေကို နိုင်ငံအနှံ့အပြား တည်ဆောက် ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ မြို့ပြမှာ သာမက ကျေးလက်တောရွာကပြည်သူ တွေလည်း လူနေမှုဘဝမြင့်မားအောင် ကျေးရွာတွေအထိ သွားပြီးဆောက်လုပ်ပေးဖို့ရှိပါတယ်။ ဒါကြောင့် စီမံကိန်းမှာ အဓိကလိုအပ်ချက်က မြေရရှိဖို့ဖြစ်တဲ့အတွက် မြေပေးနိုင်တဲ့ သက်ဆိုင်ရာ အစိုးရဌာနတွေသာမက ပုဂ္ဂလိက မြေပိုင်ရှင်တွေကလည်း ကျွန်တော်တို့ဌာနနဲ့ ပူးပေါင်းလုပ်ဆောင် ချင်ရင် လာရောက်ဆက်သွယ်နိုင်ကြ ပါတယ်''ဟု ၄င်းကပြောသည်။
အဆိုပါဌာနမှ မန္တလေးတိုင်းဒေသ ကြီးအတွင်း၂ဝ၁၅ ခုနှစ်တွင် ဝန်ထမ်း အိမ်ရာအခန်းပေါင်း ၁၂၆ဝ နှင့် တန်ဖိုးမျှတအိမ်ရာ အခန်းပေါင်း ၉၆ဝ ကို တည်ဆောက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Credit To >>> The Mirror Daily

No comments:

Post a Comment