
ပြီးခဲ့တဲ့ နွေရာသီဟာ အယ်နီညိုဖြစ်စဉ်ကြောင့် ရန်ကုန်တမြို့လုံးသုံးတဲ့ လျှပ်စစ်ပမာဏဟာ ၁၂၀၀ မဂါဝပ် ရှိပြီး ပို့လွှတ်နိုင်တဲ့ ပမာဏက ၁၁၅၀ ပဲ ရှိပေမယ့် အခု မိုးရာသီမှာ လျှပ်စစ် အသုံးပြုမှုက ၉၆၀ မဂါဝပ်ကို ကျဆင်းသွားတဲ့အတွက် တမြို့လုံး လျှပ်စစ်ဖြန့်ဖြူးဖို့ လုံလောက်တဲ့ အနေအထားမှာ ရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ရာသီဥတုနဲ့ မတော်တဆမှုတွေကြောင့် လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ ဖြစ်ပေါ်ရင်လည်း ပြည်သူတွေ အသိပေးသွားမယ်လို့ ဆိုပါတယ်။
နိုင်ငံတ၀ှမ်းမှာ လျှပ်စစ်မီး မကြာခဏပြတ်တောက်နေတာနဲ့ ပက်သက်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ သတိချပ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးထားပါတယ်။
Credit To >>> DVB Burmese
No comments:
Post a Comment