Pages

12.6.16

ဝန်ထမ်းလေ့ကျင့်သင်ကြားပေးရေး အစီအစဉ်တွေအတွက် ကန်ဒေါ်လာသန်း ၁၀၀ ခွဲဝေချထားပေးဖို့ အမေရိကန်အစိုးရကစီစဉ်


အမေရိကန်နိုင်ငံမှာရှိတဲ့ လုပ်သားထုကို လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့် သင်ကြားပေးရေး အစီအစဉ်တွေ လုပ်ဆောင်တဲ့နေရာမှာ အစိုးရက ကန်ဒေါ်လာသန်း ၁၀၀ ချထားပေးမှာဖြစ်တယ်လို့ သတင်းတစ်ရပ် မှာ ဖော်ပြထားပါတယ်။

ယခုလို လုပ်သားထုလေ့ကျင့်သင်ကြားရေးအစီအစဉ်အောက်မှာ ဆိုရင် နိုင်ငံမှာရှိတဲ့ အလုပ်သမားတွေကို လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်ရိုးတွေ ရေးဆွဲဖို့အတွက် အလုပ်ရှင်တွေနဲ့အတူ ပူးပေါင်းပြီးတော့ အစိုးရက လေ့ကျင့်သင်ကြားရေးအစီအစဉ်တွေ ဖန်တီးသွားမှာဖြစ်ပါတယ်။

"နိုင်ငံတွင်းမှာ ခေတ်မီကျွမ်းကျင်အရည်အချင်းတွေနဲ့ အခြေခံအဆောက် အအုံတစ်ခု ပြန်လည်ရေးဆွဲဖို့အတွက် ရည်ရွယ်ပြီးတော့ သမ္မတအိုဘား မားအစိုးရက ဒီ အစီအစဉ် ခွင့်ပြုချက်တွေကို ချထားပေးခဲ့တာလည်းဖြစ်တယ်" လို့ အမေရိကန် အလုပ်သမားဝန်ကြီး Thomas E Perez က ပြောသွား ပါတယ်။

" အမေရိကန်လုပ်သားတွေအတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာအခွင့်အ လမ်းကောင်းတွေရရှိစေနိုင်ဖို့ လုပ်ငန်းခွင်ထဲက အလုပ်ရှင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ ဒီကနေတ ဆင့် ပြည်တွင်းအဖွဲ့အစည်းတွေကို တွန်းအားပေးနိုင်ဖို့နဲ့ နိုင်ငံရဲ့စီးပွားရေး တိုးတက်မှုကို မြင့်တင်အားပေးနိုင်မှာဖြစ်ပါတယ်" လို့ Perez က ပြော သွားပါတယ်။

ယခု အစီအစဉ်အောက်မှာ အမေရိကန်နိုင်ငံသားတွေကို ကျူရှင် လွတ် လေ့ကျင့်သင်ကြားရေးအစီအစဉ်တွေကနေတဆင့် လုပ်ငန်း
ကျွမ်းကျင်မှု အရည်အသွေးတွေ တိုးမြင့်လာနိုင်အောင် ကူညီပေးနိုင် မှာဖြစ်သလို လုပ်ငန်းရှင်တွေကိုလည်း ယခုလို လေ့ကျင့်သင်ကြားရေး ပရိုဂရမ်တွေ ဒီဇိုင်းရေးဆွဲရေး အစီအစဉ်တွေမှာ ပါဝင်ခွင့်ပေးသွား မှာဖြစ်ပါတယ်။


Credit To >>> Strategy First Journal

No comments:

Post a Comment