
အငှားယာဉ် တက္ကစီအသစ် တင်သွင်းမှု ရပ်ဆိုင်းထားသော်လည်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အစားထိုး တင်သွင်းလာသော တက္ကစီများအနေဖြင့် တစ်လလျှင် လုပ်ငန်းလိုင်စင်လျှောက်ထား
ရန်ကုန်တိုင်းဒေသကြီးအတွင်း
“ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အစားထိုး တင်သွင်းတဲ့ကားတွေ နေ့စဉ် လုပ်ငန်းလိုင်စင် လျှောက်ထားမှုက ၁၅ စီးခန့် ရှိပါတယ်။ အခုလက်ရှိကတော့ တက္ကစီအသစ် လျှောက်ထားမှုကို ရပ်ဆိုင်းထားပါတယ်”ဟု ၎င်းက ဆိုသည်။
တက္ကစီများ တင်သွင်းခွင့် မရပ်ဆိုင်းခင်က တစ်နေ့လျှင် လုပ်ငန်းလိုင်စင် လာလျှောက်ထားသည့် အစီးရေမှာ တစ်ရက်လျှင် အစီးရေ ၁၅ဝ ခန့်ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရှိရသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို လျော့ကျစေရန် ရန်ကုန်လိုင်စင်အနက် ယာဉ်များကို အနီပြောင်းလဲကာ အငှားယာဉ် တက္ကစီအဖြစ် လျှောက်ထားခြင်းကို ယခင်အစိုး၏ အမိန့်အရ မတ်လ အကုန်ထိ ကန့်သတ်ထားသော်လည်း ယခုအစိုးရသစ် လက်ထက်တွင် ယင်းစနစ်ကို ပြန်လည်ပြင်ဆင်ခြင်း မရှိသည့်အတွက် လောလောဆယ်တွင် ခွင့်ပြုပေးဦးမည် မဟုတ်ကြောင်း အဆိုပါဌာနထံမှ ဆက်လက် သိရှိရသည်။
Credit To >>> The Voice Weekly
No comments:
Post a Comment