Pages

29.6.16

တရုတ်နိုင်ငံ၌ ကမ္ဘာ့အရှည်ဆုံးနှင့် အမြင့်ဆုံး ဖန်တံတား ကြံ့ခိုင်မှုစမ်းသပ်စစ်ဆေး


တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်ယွေ့ကျီ ဒေသ၌ ကမ္ဘာ့အရှည်လျားဆုံးနှင့် အမြင့်ဆုံးဒေသတွင် တည်ဆောက်ထားသည့် ဖန်သားမျက်နှာပြင်သုံးတံတားတစ်စင်း၏ခံနိုင်ဝန်အားကို သိရှိနိုင်ရန် နှစ်တန်အလေး ချိန်ရှိ ကုန်တင်ယာဉ်တစ်စီးကို ဖြတ်သန်းမောင်းနှင်ကာ စမ်းသပ်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါတံတားမှာ အလျားမီတာ ၄၃ဝ ရှိပြီး မြေပြင်အထက် မီတာ ၃ဝဝ ရှိ အမြင့်တွင် ကျောက်တောင် စွန်းနှစ်ခုကို ဖြတ်သန်းကာ တည်ဆောက်ထားသည်။
အဆိုပါတံတား၏ခိုင်ခံ့မှုနှင့်ပတ်သက်၍ ပြည်သူတို့ ယုံကြည်စိတ်ချမှုရှိစေရန် စေတနာ့ဝန်ထမ်း ၂ဝ ခန့်က လက်ရိုက်တူများအသုံးပြုကာ တံတား၏ ဖန်သားမျက်နှာ ပြင်ကို ထုနှက်စစ်ဆေးစေခဲ့သည်။

တံတားကြံ့ခိုင်မှုစစ်ဆေးမှုတွင် မြေမျက်နှာပြင်မရွေး မောင်းနှင်နိုင်သော ကားတစ်စင်းနှင့်အတူ စေတနာ့ ဝန်ထမ်း ၁၁ ဦးလိုက်ပါခဲ့သည်။ ၎င်းအပြင် စေတနာ့ဝန်ထမ်း ၁ဝ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့က ဖန်သား မျက်နှာပြင်ကို တူဖြင့်ရိုက်ခွဲမှု ထပ်မံပြုလုပ်ခဲ့ကြောင်း၊ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်း ဖြစ်ပေါ်သည့်တိုင်အောင် ဖန်သားမှာ ပဲ့ထွက်ကျိုးပျက်သွားခြင်းမရှိကြောင်း သတင်းတွင် ဖော်ပြသည်။

ခိုင်ခံ့စေရန် ပြုပြင်စီရင်ထားသော ဖန်သားကို အလွှာသုံးလွှာထပ်၍ တံတားမျက်နှာပြင်ကို တည်ဆောက်ထားသည်။ တံတား၌ ဖန်ချပ်ပေါင်း ၉၉ ချပ်ရှိပြီး ဖန်ချပ် တစ်ချပ်လျှင် ၄ ဒသမ ၅ မီတာ၊ ထု ၁၅ မီလီမီတာရှိကြောင်း၊ အကယ်၍ ဖန်ချပ်ပျက်စီးပါက ပျက်စီးသည့်နေရာတွင် ဖန်ချပ်သစ်ဖြင့် အစားထိုးနိုင်ကြောင်း သတင်းတွင် ဖော်ပြသည်။ 

# The Mirror Daily

No comments:

Post a Comment