Pages

28.6.16

RCEP ကုန်သွယ်မှုစာချုပ် ချုပ်ဆိုမယ့် နိုင်ငံတွေအကြားကုန်သွယ်မှုပိုင်း မှာအခွန်အကောက်တွေ ဖယ်ရှားဖို့ အာဆီယံတိုက်တွန်းမည်


ဒေသတွင်း အားလုံးပါဝင်တဲ့ စီးပွားရေး ပူးပေါင်းမှု သဘောတူစာချုပ် (RCEP) ပါ နိုင်ငံပေါင်း ၁၆ နိုင်ငံအတွင်း ကုန်ပစ္စည်း ကုန်သွယ်မှု၉၂ ရာခိုင်နှုန်းလောက်ကို အခွန်အကောက်တွေ ဖယ်ရှားဖို့ အာဆီယံ
အုပ်စုဘက်က အဆိုပြုတိုက်တွန်းသွားဖို့ရှိပါတယ်။
ယခုဆိုလုပ်ဆောင်ဖို့ စီစဉ်ရခြင်းက မကြာခင်မှာပဲ ဒေသတွင်းအုပ်စုရဲ့ စီးပွားရေးတိုးမြင့်
ပူးပေါင်းနိုင်မှုတွေကို တိုးမြင့်လိုတဲ့ ရည်ရွယ်ချက်ကြောင့်လုပ်ဆောင်
ရခြင်းဖြစ်တယ်လို့ ပြောသွားပါတယ်။
RCEP ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်မှုစာချုပ် ဆိုတာကတော့
နိုင်ငံပေါင်းဆယ်နိုင်ငံပါတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံခြောက်နိုင်ငံ
(သြစတြေးလျ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ နယူးဇီလန်) တို့ပူးပေါင်းထားတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံအကြား လွတ်လပ်တဲ့
ကုန်သွယ်မှုစာချုပ် ချုပ်ဆိုနိုင်ရေး အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။
ယခုလိုမျိုး ယင်းအုပ်စုအကြား ကုန်ပစ္စည်း ကုန်သွယ်မှုပိုင်းမှာအခွန်
အကောက် ဖယ်ရှားမယ့်အစီအစဉ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက
ယခုနှစ်ကုန်ပိုင်းမှာ အတည်ပြုသဘောတူညီချက်ရဖို့ ဆန္ဒရှိနေပေမယ့်
လည်း အုပ်စုအကြား သဘောထားကွဲလွဲမှုတွေ ရှိနေဆဲဖြစ်ပါတယ်။
ယင်းကိစ္စရပ်တွေကိုတော့ လာမယ့် သြဂုတ်လ လာအိုနိုင်ငံမှာ
ကျင်းပမယ့် ၀န်ကြီးအဆင့် ဆွေးနွေးပွဲမှာ ဆွေးနွေးညှိနှိုင်းသွားရဖို့
ရှိနေပါတယ်။
RCEP စာချုပ်ချုပ်ဆိုမယ့် နိုင်ငံတွေအနေနဲ့ ၀န်ဆောင်မှုကဏ္ဍ
ဖြေလျှော့မှုပိုင်းအတွက်ပါ ဆွေးနွေးသွားရဖို့ရှိနေပြီးတော့ ရင်းနှီး
မြှုပ်နှံမှုအပါအ၀င် အခြားကဏ္ဍတွေအတွက်ပါ ညှိနှိုင်းသွားရဖို့ ရှိ
နေပါတယ်။
Credit To >>>SFJ Strategy First Journal 

No comments:

Post a Comment