ပါဆယ်ပစ္စည်းအထုပ်တွေကို ဒရုန်းလေယာဉ်ငယ်တွေနဲ့ သယ်ယူပို့ဆောင်ပေးမယ့် စနစ်တစ်ခု ထူထောင်လုပ်ဆောင်ဖို့
အတွက် ဗြိတိန်အစိုးရဆီကနေ ခွင့်ပြုချက်ရရှိထားပြီလို့ အမေရိကန် အွန်လိုင်းလက်လီလုပ်ငန်းစု Amazon ကုမ္ပဏီက
ကြေညာသွားပါတယ်။
အတွက် ဗြိတိန်အစိုးရဆီကနေ ခွင့်ပြုချက်ရရှိထားပြီလို့ အမေရိကန် အွန်လိုင်းလက်လီလုပ်ငန်းစု Amazon ကုမ္ပဏီက
ကြေညာသွားပါတယ်။
ဝေးလံခေါင်းပါးတဲ့ အရပ်ဒေသတွေ၊ ကျေးလက်ဒေသတွေကပစ္စည်းမှာယူသူတွေဆီကို ဒရုန်းလေယာဉ်အသုံးပြုပြီး
ပေးပို့မယ့်စနစ်ကို စမ်းသပ်လုပ်ဆောင်ဖို့ ဗြိတိန်ရဲ့ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က
အွန်လိုင်းလက်လီလုပ်ငန်းစုကြီးကို ခွင့်ပြုပေးလိုက်တာလည်းဖြစ်ပါတယ်။
ပေးပို့မယ့်စနစ်ကို စမ်းသပ်လုပ်ဆောင်ဖို့ ဗြိတိန်ရဲ့ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က
အွန်လိုင်းလက်လီလုပ်ငန်းစုကြီးကို ခွင့်ပြုပေးလိုက်တာလည်းဖြစ်ပါတယ်။
ယခုလို ဗြိတိန်အစိုးရနဲ့ Amazon တို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုအရတော့ဒရုန်းလေယာဉ်တွေကို ကူညီထိန်းချုပ်ပေးနိုင်ဖို့အတွက် အတားအဆီးတွေ ရှောင်ရှားစေနိုင်မယ့် အာရုံခံကိရိယာစမ်းသပ်မှုလည်း ပါဝင်မှာဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ နောက်ပိုင်းကျရင်တော့ "Amazon Prime Air" အစီအစဉ်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ဒရုန်းတွေကို လက်တွေ့ကျကျ တရားဝင်အသုံးပြုသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အဲဒီအစီအစဉ်အရတော့ အများဆုံး ငါးပေါင်အထိ လေးတဲ့ဖောက်သည်တွေမှာယူတဲ့ ပစ္စည်းထုပ်တွေကို မိနစ်သုံးဆယ်အတွင်း ဒရုန်းတွေနဲ့ အရောက်ပေးပို့ပေးမှာဖြစ်ပါတယ်။
" ဗြိတိန်နိုင်ငံဆိုတာက ဒရုန်းတီထွင်မှုပိုင်းမှာ ဦးဆောင်နိုင်ငံတစ်နိုင်ငံပါ၊ Prime Air သုတေသန လုပ်ငန်းမှာလဲ
ကျွန်တော်တို့ အများကြီး ရင်းနှီးမြှုပ်နှံထားပါတယ်၊ ဒီမှာပဲ ဆက်လုပ်သွားမှာပါ" ဆိုပြီး Amazon ရဲ့ ကမ္ဘာလုံးဆိုင်ရာ
တီထွင်ဆန်းသစ်မှု မူဝါဒနဲ့ ဆက်သွယ်ရေးဌာန ဒုဥက္ကဌPaul Misener က ပြောပါတယ်။
ကျွန်တော်တို့ အများကြီး ရင်းနှီးမြှုပ်နှံထားပါတယ်၊ ဒီမှာပဲ ဆက်လုပ်သွားမှာပါ" ဆိုပြီး Amazon ရဲ့ ကမ္ဘာလုံးဆိုင်ရာ
တီထွင်ဆန်းသစ်မှု မူဝါဒနဲ့ ဆက်သွယ်ရေးဌာန ဒုဥက္ကဌPaul Misener က ပြောပါတယ်။
ခုလိုမျိုး ပူးပေါင်းဆောင်ရွက်မှုကနေတဆင့် ဗြိတိန်နိုင်ငံကရော၊ အခြား ကမ္ဘာအနှံ့က ဖောက်သည်တွေဆီက အချိန်တိုတွင်းပစ္စည်းတွေကို ဒရုန်းနဲ့ပို့ဆောင်ပေးမယ့် အစီအစဉ်တွေကို အကောင်အထည်ဖော်နိုင်တော့မှာဖြစ်တယ်လို့လည်း ၎င်းကပြောကြားသွားပါတယ်။
Credit To >>>SFJ Strategy First Journal
No comments:
Post a Comment