Pages

12.7.16

သာစည်မြို့နယ် ကျွဲတပ်ဆုံ သံလမ်းဂိတ်အနီး ယာဉ်တစ်စီးပေါ်မှ ကျောက် စိမ်းတုံး လေးတုံးနှင့် ဘိန်းဆီခဲများ သိမ်းဆည်းရမိ

 မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ် ကျွဲတပ် ဆုံကျေး ရွာ ရထားသံလမ်းဂိတ်အနီး တွင် မော်တော် ယာဉ်တစ်စီးပေါ်မှ သိုဝှက်သယ်ဆောင်လာသည့် ကျောက် စိမ်းတုံး လေးတုံးနှင့် ဘိန်းဆီခဲများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေး တောင်ပိုင်း အမှတ်(၁၈) မူးယစ် တပ်စုမှ ရဲအုပ်မြင့်သွင်နှင့် သာစည် မြို့မရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်အောင် ကိုဦးနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၀ ရက် နံနက် ၂ နာရီခန့် က သက်သေ များနှင့်အတူ သာစည် မြို့နယ် ကျွဲတပ်ဆုံကျေးရွာ ရထား သံလမ်းဂိတ် အနီးတွင် ယာဉ်များအား ရပ်တန့်ရှာဖွေစစ်ဆေးနေစဉ် တောင် ကြီးဘက်မှ
--- မောင်းနှင်လာသည့် 7C ။---- အဖြူရောင်မတ်တူးယာဉ် အား ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ် တွင် လိုက်ပါလာသည့် ၎င်းင်း၏ဇနီး ဖြစ်သူ မ--- လွယ်ထားသည့် ကာကီ ရောင်ဘေးလွယ်အိတ်အတွင်းမှ ဘိန်း ဆီခဲဟု ယူဆရသော အလေးချိန် ၁၄၀ ဂရမ်ခန့်ပါ အထုပ် တစ်ထုပ် အား ရှာဖွေတွေ့ရှိခဲ့သည်။
ယင်းယာဉ်အား ဆက်လက်ရှာဖွေ ရာ ယာဉ်၏နောက်ဖုံး အပိုဘီးအောက် တွင် သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော အလေး ချိန် ၃ ဒသမ ၅ ကီလိုဂရမ်ခန့်ရှိ အဖြူရောင်ကျောက်စိမ်းတစ်တုံး၊ ၂ ကီလိုဂရမ်ခန့်ရှိ အဖြူရောင်ကျောက် စိမ်းတုံးတစ်တုံးနှင့် ၄ ဒသမ ၅ ကီလို ဂရမ်ခန့်ရှိ အနက်ရောင်ကျောက်စိမ်း တုံး တစ်တုံးနှင့် ၁ ကီလိုဂရမ်ခန့်ရှိ အနက်ရောင်ကျောက် စိမ်း တုံး တစ် တုံး စုစုပေါင်း ကျောက်စိမ်းတုံးလေးတုံး အလေးချိန် ၁၁ ကီလိုဂရမ်ခန့်အား သိမ်းဆည်း ရမိခဲ့သည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပိုင်ရှင် ဖြစ်သူ ---နှင့်မ--- အမှတ်(၁၀၇) ဒေါ်နို ကူးလမ်း လွိုင်ကော်မြို့နေသူတို့နှစ်ဦး အား သာစည်မြို့မရဲတပ်ဖွဲ့စခန်းမှ မယ(ပ)၆/၂၀၁၆၊ မူး /စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့်ဖမ်းဆီး ထားကြောင်း သိရသည်။
Credit To >>> Democracy Today

No comments:

Post a Comment