Pages

21.7.16

ဗြိတိန်ရေတပ်အတွက် နျူလက်နက်စနစ်သစ် တပ်ဆင်နိုင်ရေး ပါလီမန်ခွင့်ပြုပေးပြီ

ကမ္ဘာ့အလယ်တွင် အင်အားကြီးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဗြိတိန်နိုင်ငံရေတပ်၏'ထရိုင်းဒန့်'(ခက်ရင်းခွလှံတံ) အမျိုးအစား ရေငုပ်သင်္ဘောများ၏ နျူကလီးယားလက်နက်စနစ်ဟောင်းနေရာတွင် လက်နက်စနစ်သစ်ဖြင့် အစားထိုးရန် ပါလီမန်က သဘောတူညီ ခွင့်ပြုပေးလိုက်ပြီးဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၂ဝ ရက်တွင် သတင်းထုတ်ပြန်သည်။

လွတ်လပ်ရေးလိုလားသော စကော့တလန် အမျိုးသားရေးပါတီနှင့် အတိုက်အခံ လေဘာပါတီတို့မှ အမတ်အချို့တို့က ကန့်ကွက်ခဲ့ကြလင့်ကစား စကော့တလန်အခြေစိုက် နျူကလီးယားလက်နက်တပ်ဆင်ထားသော ထရိုင်း ဒန့် ရေငုပ်သင်္ဘောဟောင်းများ၏နေရာတွင် ရေငုပ်သင်္ဘော အသစ်များဖြင့် အစားထိုးရန် အစီအစဉ်နှင့်ပတ်သက်၍ ပါလီမန်က ထောက်ခံမဲ ၄၇၂ မဲ၊ ကန့်ကွက်မဲ ၁၁၇ မဲဖြင့် အတည်ပြုပေးခဲ့သည်။
ဝန်ကြီးချုပ်သစ် ထရီဇာမေအနေဖြင့် သူမ၏ပါတီ စည်းလုံးညီညွတ်မှု ပြန်လည်ရရှိရေးအတွက် ပါလီမန်၏ဆုံးဖြတ်ချက်ကို အသုံးချနိုင်မည်ဟု အတိုက်အခံ အမတ်အချို့က ပြောကြားသည်။
ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်နိုင်ငံနုတ်ထွက်မှုကို အကြောင်းပြု၍ နိုင်ငံရေးအရ သဘောကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပါတီတွင်း စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ရန် ထရီဇာမေက ကြိုးပမ်းလျက်ရှိသည်။
ဗြိတိန်နိုင်ငံ၏ ရေတပ်အတွက် နျူကလီးယားလက်နက်စနစ်သစ် တပ်ဆင်နိုင်သော ရေငုပ်သင်္ဘောလေးစင်းတည်ဆောက်ရန် ပါလီမန်၏ခွင့်ပြုချက်အရ လမ်းပွင့်သွားပြီဖြစ်သည်။
Credit To >>> The Mirror Daily

No comments:

Post a Comment