Pages

20.7.16

တိဗက်လေကြောင်းလိုင်း နိုင်ငံတကာခရီးစဉ် စတင်ပျံသန်း

တရုတ်နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော တိဗက်ဒေသ၏ ပထမဆုံးသော လေကြောင်းကုမ္ပဏီ ဖြစ်သည့်
တိဗက်လေကြောင်းလိုင်းသည် ပထမဆုံးသော နိုင်ငံတကာလေကြောင်း ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးမြို့မှ ထိုင်းနိုင်ငံ ဆာမွေကျွန်း သို့ ခရီးစဉ်စတင်ပျံသန်းပြီဖြစ်ကြောင်း ဆင်ဟွာသတင်း တွင် ဖော်ပြသည်။
တိဗက်လေကြောင်း၏ အဲဘတ်စ်-၃၁၉ အမျိုးအစား လေယာဉ်သည် ချန်ဒူးနှင့် ထိုင်းနိုင်ငံ ဆာမွေကျွန်းအကြား တစ်ပတ်လျှင် အသွားအပြန်ခရီးစဉ် သုံးကြိမ် ပျံသန်းမည် ဖြစ်သည်။ လမ်းကြောင်းတစ်ခုစီ၏ ခရီးစဉ်ပျံသန်းချိန်မှာ သုံးနာရီခွဲဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ဒေသများနှင့် ချန်ဒူးမြို့တို့မှ ပြည်သူများသည် အပြည်ပြည်ဆိုင်ရာ ခရီးသွား လုပ်ငန်းတွင် ထိပ်တန်းဦးစားပေး အပန်းဖြေနေရာအဖြစ် ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်မှု တိုးမြင့်လာခြင်းကြောင့် တိဗက်လေကြောင်းက ထိုင်းနိုင်ငံသို့ ခရီးစဉ် ပျံသန်းခြင်းဖြစ်သည်။
ချန်ဒူးမြို့မှ ထိုင်းနိုင်ငံသို့ နေ့စဉ်ပျံသန်းသည့် လေကြောင်းခရီးစဉ်ပေါင်းမှာ ကိုးခုရှိပြီး ရက်သတ္တတစ်ပတ် လျှင် ခရီးသည် ၁၁ဝဝဝ အထိ ပို့ဆောင်ပေးနိုင်သည်။
တိဗက်လေကြောင်းလိုင်းကို ၂ဝ၁၁ ခုနှစ်တွင် ထူထောင်ခဲ့ပြီး တရုတ်နိုင်ငံ၏ အဓိကမြို့ကြီးများသို့ ပျံသန်းပေးလျက်ရှိသည်။
Credit To >>> The Mirror Daily

No comments:

Post a Comment