
ယင်းသည် ဒုတိယအကြိမ်ဖြစ် ပြီး ယခုလအစပိုင်း အမေရိကန်ရေ တပ်သင်္ဘောများအနီးမှကပ်လျက် ရုရှားသင်္ဘောတစ်စင်းက မတော်တဆ အန္တရာယ်ရှိနိုင်သော လေ့ကျင့်မှုများ ကိုပြုလုပ်သွားခဲ့ဖူးသည်။
ဇွန် ၃၀ ရက်က ရုရှားစစ် သင်္ဘောက ယာရိုစလပ်မာ့ဒ်ရီသည် အမေရိကန်လေယာဉ်တင်သင်္ဘော ကြီးယူအက်စ်အက်စ်အိုင်စင်ဟောင် ဂါအနီးကိုက် ၃၁၅ (၂၈၈ မီတာအ ကွာ)၌ စစ်ဆင်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့၍ ယင်းသည် စိတ်မ ချရဘဲ အန္တရာယ်ရှိသောလုပ်ရပ် အဖြစ် အမေရိကန်အရာရှိများက ပြောဆိုခဲ့သည်။
သို့သော် ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက ယင်းကိစ္စ အပေါ် ပြန်လှန်စောဒကတက်ခဲ့ သည်။
လွန်ခဲ့သောဧပြီလအတွင်းက လည်း ရုရှားဗုံးကြဲလေယာဉ်SU-24 သည် ဘောလ်တစ်ပင်လယ်အ တွင်းရှိနေသော ယူအက်စ်အက်စ် ဒေါ်နယ်ကွတ်အနီး ဖြတ်ပျံခဲ့ဖူး သည်။
ယင်းသည်မတော်တဆမှား ယွင်းပစ်ချနိုင်သော အနေအထား ဖြစ်သည်ဟု အမေရိကန်ကာကွယ် ရေးဝန်ကြီးဂျွန်ကယ်ရီက ပြောဆိုခဲ့ ဖူးသည်။
Credit To >>> Democracy Today
No comments:
Post a Comment