Pages

15.7.16

ဇွန်လအတွင်း လေဆိပ်အကောက်ခွန် ကျပ်သိန်း ကိုးရာကျော်ရ


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာသော ခရီးသည်များထံမှ ခရီးသည်ဝန်စည်ပစ္စည်များ အ တွက် ယခုနှစ် ဇွန်လအတွင်းက အကောက်ခွန်ရရှိငွေ ကျပ်သိန်း ကိုးရာကျော်ရှိကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်အကောက်ခွန်ကြီးကြပ်ရေးဌာနထံမှ သိရသည်။လက်ရှိ လေဆိပ်တွင် ခရီးသည်ဝန်စည်ပစ္စည်းများအတွက် အခွန်ကောက်ခံရာတွင် တစ်ပတ်စာ ဒေါ်လာပေါက် ဈေးနှုန်းထားများဖြင့်သာ အခွန်ကောက်ခံလျက်ရှိကြောင်း အဆိုပါဌာနထံမှသိရသည်။

“အရင်တုန်းကနဲ့ ဒီနှစ်မှာ ခရီးသည် ဝင်ရောက်တဲ့နှုန်းထားက မတူဘူး။ အခုနှစ်ပိုင်းပိုင်းမှာ လေဆိပ်ကို အသုံးပြုတဲ့ ခရီးသည်က များလာတဲ့အတွက် ပိုများလာတာပါ” ဟု လေဆိပ်အကောက်ခွန်ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည် ။

၂၀၁၅ခုနှစ် ဇွန်လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်သော အကောက်ခွန်ရရှိငွေမှာ ကျပ်သိန်း ခြောက်ရာကျော်သာရှိခဲ့ကြောင်း လေဆိပ်အကောက်ခွန်ကြီးကြပ်ရေးဌာနထံမှသိရသည်။

လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပျမ်းမျှခရီးသည်ဝင်ရောက်မှုမှာ တစ်ပတ်လျှင် သုံးသောင်း ခုနစ်ထောင်ကျော်ရှိနေပြီး လေဆိပ်မှ ထွက်ခွာရာတွင် ခရီးသည်သုံးသောင်းကျော်ခန့်ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

လက်ရှိလေဆိပ်များတွင် အကောက်ခွန်စည်းကြပ်မှုနှင့်ပတ်သက်ပြီး အခွန်ပေးဆောင်ရမှုများတွင် ပိုမိုပေး ဆောင်ရကြောင်း၊ သယ်ယူခဲ့သော ပစ္စည်းတန်ဖိုးထက် အခွန်ပေးဆောင်ရမှုများတွင် ပေးဆောင်ရသော ပမာဏမှာ ပိုမို များ ပြားလျက်ရှိကြောင်း ခရီးသည်များကြား ပြောဆိုနေမှုများရှိသည်။

လေဆိပ်သို့ ဝင်ရောက်လာသော ခရီးသည်များကို လေဆိပ်တွင် ခွင့်ပြုသတ်မှတ်ထားသော တစ်ဦးသုံး ဝန်စည် ပစ္စည်းများထက် ကျော်လွန်ပါက ကျသင့်အခွန်ကို စည်းကြပ်ရခြင်းဖြစ်ကြောင်းနှင့် ရောင်းချရန် ရည်ရွယ်ပြီး သယ်ဆောင်လာသော ပမာဏဖြစ်ပါကလည်း အခွန်ကောက်ခံကြောင်း လေဆိပ်အကောက်ခွန်ကြီးကြပ်ရေး ဌာန ထံမှသိရသည်။

ယင်းသို့ စည်းကြပ်ရာတွင် နိုင်ငံတကာမှ သတ်မှတ်ပြဌာန်းထားသော နှုန်းထားများနှင့် ကောက်ခံရခြင်းဖြစ်ပြီး စည်းကြပ်တန်ဖိုးကိုလည်း လေဆိပ်တွင် မှတ်တမ်းတင်ထားသော(Record Price)များဖြင့်သာ စည်းကြပ်ရ ခြင်း ဖြစ်ကြောင်း ရန်ကုန်လေဆိပ်အကောက်ခွန်ကြီးကြပ် ရေးဌာနမှ အရာထမ်းတစ်ဦးက ရှင်းပြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အများဆုံးတင်သွင်းသော ပစ္စည်းများမှာ စုပေါင်းပစ္စည်း (Consolidated Cargo)၊ စာရွက်စာတမ်း (Document)၊ သတင်းစာများနှင့်လူသုံးကုန်ပစ္စည်းများဖြစ်ကြောင်း လေဆိပ်အကောက်ခွန် ကြီးကြပ်ရေးဌာနထံမှ သိရသည်။
Credit To >>> The Voice Weekly

No comments:

Post a Comment