Pages

22.7.16

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဧက ၂ သန်းကျော်တည်ထောင်ဖို့ ရည်မှန်းထား

ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောဧက ၂ ဒသမ ၂၇ သန်းအထိ တည်ထောင်ဖို့ ရည်မှန်းထားတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာနကသိရပါတယ်။

ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ စတင်ထူတောင်သော၁၉၉၅ မှ ယနေ့အချိန်အထိ ဒေသခံအစု အဖွဲ့ပိုင်သစ်တောဧက၂ ဒသမ ၈ သိန်းကို ထူထောင်ထားနိုင်ခဲ့ပြီဖြစ်ပြီး အစုအဖွဲ့ပိုင် သစ်တောများ ထူထောင်ရေးကို အရှိန်အဟုန်မြှင့်ဆက်လက်ထူထောင်သွားမယ်လို့ သစ်တောဦးစီးဌာနကတာဝန်ရှိသူများက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စုစုပေါင်းလူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ကကျေးလက်နေပြည်သူများဖြစ်ပြီး နေ့စဉ် လူမှုစီးပွားရေးအတွက်ရာသီဥတုကို အပေါ် သက်ရောက်မှုရှိသော သစ်တောများကို အဓိက မှီခိုနေရလျက်ရှိပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ နိုင်ငံဧရိယာရဲ့ ၄၂ ရာခိုင်နှုန်းကျော်ရှိပြီး သစ်တောမျာပြန်လည်ဖုံးလွှမ်းမှုရာခိုင်နှုန်း ပြန်လည်တိုးပွားလာအောင်ဆောင်ရွက်ရမှာဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ပြောကြားထားပါတယ်။
ယနေ့ခေတ် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊မြေယာအသုံးမှုဆိုင်ရာစိန်ခေါ်မှုအခြေအနေများကြောင့်ဒေသခံပိုင်သစ်တောလုပ်ငန်းညွှန်ကြားချက်များကို ခေတ်နဲ့အညီ သစ်တော်များ ပြန်လည်ထူထောင်မှုလိုအပ်ချက်ကို
ဖြည့်ဆည်းရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကိုလည်းလုပ်ဆောင်နေပြီဖြစ်တယ်လို့ သစ်တောဦးစီးဌာနက
တာဝန်ရှိသူများက ပြောပါတယ်။
သစ်တောကဏ္ဍဖွံ့ဖြိုးရေးအတွက် နှစ် ၃၀ သစ်တောကဏ္ဍပင်မစီမံကိန်း (၂၀၀၁-၂၀၃၀) ကို ရေးဆွဲအကောင်အထည်ဖော်နေပြီးခရိုင် ၆၈ ခုမှာ သစ်တော စီမံအုပ်ချုပ်မှုလုပ်ငန်း ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါတယ်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးမှာသစ်ထုတ်လုပ် ခြင်း လုံးဝရပ်ဆိုင်းရန် စီမံဆောင်ရွက်
နေတယ်လို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကဇွန်လအတွင်းကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာပြောကြားထားပါတယ်။

Credit To >>>SFJ Strategy First Journal 

No comments:

Post a Comment