Pages

21.7.16

EU အာရှနိုင်ငံတွေနဲ့ကုန်သွယ်ရေးတိုးတက်ဖို့ခြေလမ်းသစ်အဖြစ် အင်ဒိုနီးရှားနဲ့ လွတ်လပ်စွာ ကုန်သွယ်နိုင်ဖို့ ကြိုးပမ်းလာ


အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ လွတ်လပ်တဲ့ကုန်သွယ်မှု စနစ်တစ်ခုကို ထူထောင်နိုင်ဖို့အရေး နှစ်ဘက်ဆွေးနွေးမှုတွေကို လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဥရောပသမဂ္ဂ (EU)ကထုတ်ဖော်ပြောကြားလိုက်ပါတယ်
" EU နဲ့အင်ဒိုနီးရှားတို့ဟာဆိုရင် စားသုံးသူ သန်း ၇၅၀ ရှိတဲ့ ဈေးကွက်ကြီးတစ်ခုကို ကိုယ်စားပြုထားပါတယ်၊ ဒီလိုမျိုး ညှိနှိုင်းဆွေးနွေးမှုတွေဟာ နှစ်ဦးနှစ်ဘက်စလုံးရဲ့ စီးပွားရေးတွေကို ပေါင်းစပ်နိုင်ဖို့အတွက် အဓိကကနေပါတယ်" ဆိုပြီး EU ရဲ့ ကုန်သွယ်ရေးကော်မရှင်နာ Cecilia Malmstroem နဲ့ အင်ဒိုနီးရှားရဲ့ ကုန်သွယ်ရေး ၀န်ကြီး Tom Lembong တို့က ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

" နှစ်ဘက် သဘောတူညီချက်တွေဟာလည်း အနာဂတ်ကာလမှာ EU-အာဆီယံ ဆက်ဆံမှုပိုင်းအတွက် အဓိကခြေလှမ်းတွေကို လှမ်းထားနိုင်သလို ဖြစ်လာနိုင်ပါတယ်" ဆိုပြီးတော့လည်း ယင်းကြေညာချက်မှာဖော်ပြထားပါတယ်။
ဥရောပသမဂ္ဂအဖွဲ့အနေနဲ့ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့နဲ့ လွတ်လပ်တဲ့ကုန်သွယ်မှုစာချုပ် ချုပ်ဆိုရေးဆွေးနွေးမှုတွေ လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။ အလားတူ ၂၀၁၄ ခုနှစ်က စင်ကာပူ၊ ၂၀၁၅ ခုနှစ်ကဗီယက်နမ် နိုင်ငံတို့နဲ့ သဘောတူစာချုပ်တွေလည်း ချုပ်ဆိုထားပြီးဖြစ်ပါတယ်။
ဒါပေမယ့်လည်း EU အဖွဲ့ရဲ့ ယခုလို ကြိုးပမ်းလုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ ဝေဖန်သူတွေကလည်း ယခင်က ကနေဒါ၊ အမေရိကန်နဲ့ဗြိတိန် နိုင်ငံတို့လို နိုင်ငံတွေကို ချဉ်းကပ်လုပ်ဆောင်ခဲ့မှုတွေက အောင်မြင်မှုမရရှိခဲ့တာနဲ့ နှိုင်းယှဉ်ပြောဆိုနေကြပါတယ်

လက်ရှိအချိန်မှာတော့EU အဖွဲ့ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ စတုတ္ထမြောက်အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်နေပြီးတော့ စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းတွေကို အဓိကတင်ပို့လျက်ရှိနေပါတယ်။အလားတူ အင်ဒိုနီးရှားနိုင်ငံဟာလည်း တောင်အာရှဒသမှာ EU အဖွဲ့ရဲ့ ပဉ္စမမြောက် အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်နေပါတယ်။

Credit To >>> SFJ Strategy First Journal

No comments:

Post a Comment