ယခုနှစ် နှစ်စပိုင်းတွင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ သမဝါယမဘဏ် (CB) တို့နှင့် ပူးပေါင်းကာ ကတ်နှစ်မျိုးလုံး ထုတ်ခဲ့ကြောင်း၊ ဇူလိုင်လ အတွင်း၌ မြန်မာအရှေ့တိုင်းဘဏ်နှင့် ပူးပေါင်း၍ ပြည်တွင်း ပြည်ပသုံး အကြွေးဝယ်ကတ် ထုတ်ခဲ့ပြီး ဧရာဝတီဘဏ်နှင့်လည်း ငွေပေးချေကတ်နှင့် အကြွေးဝယ်ကတ် နှစ်မျိုးလုံး ထုတ်မည်ဖြစ်ကြောင်း၊ ရှေ့ဆက်၍လည်း ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်တို့နှင့် ပူးပေါင်း၍ ငွေပေးချေကတ် (သို့မဟုတ်) အကြွေးဝယ်ကတ်များ ဆက်လက် ထုတ်သွားမည်ဖြစ်ကြောင်း UPI ထံမှ သိရသည်။
“ပြည်တွင်းဘဏ်တွေက ဒီပြည်တွင်းသုံး အကြွေးဝယ်ကတ်တွေပဲ ထုတ်ကြတာပါ။ နိုင်ငံတကာ ချိတ်ဆက်ထားတဲ့ နိုင်ငံခြားကတ် ကုမ္ပဏီတွေနဲ့ ပူးပေါင်းရင် ကတ်တစ်ခုတည်းက ပြည်တွင်းရော ပြည်ပရော အသုံးပြုနိုင်မှာပါ”ဟု ဦးအောင်နန္ဒာကျော်က ရှင်းပြသည်။
အကြွေးဝယ် ကတ်များမှာ ဘဏ်က အကြွေးပေးသည့် ပုံစံနှင့် ထုတ်ထားခြင်း ဖြစ်သော်လည်း အချို့ ဈေးဝယ်စင်တာများက ၎င်းတို့စင်တာက အကြွေးရောင်းရသည့် အနေအထားဟု ထင်မှတ်ကာ အကြွေးဝယ်ကတ်များကို လက်မခံခြင်း ဖြစ်နေကြောင်း၊ ယင်းပြဿနာများကို ဖြေရှင်းရန် ဘဏ်အနေနှင့် အရောင်းကိုယ်စားလှယ်များကို
Union Pay International သည် နိုင်ငံပေါင်း ၁၆ဝ ရှိ အရောင်းကိုယ်စားလှယ်ပေါင်း ၃၅ သန်း၊ ATM စက် နှစ်သန်းကျော်တို့တွင် UPI Brand Card များ သုံးစွဲနိုင်ရန် တိုးချဲ့ ဆောင်ရွက်နေကြောင်း UPI ထံမှ သိရသည်။
Credit To >>> The Voice Weekly
No comments:
Post a Comment