
စင်ကာပူနိုင်ငံက ဆန်ကုန်သည်တွေဟာ ထိုင်းနိုင်ငံထွက် ဆန်တွေကို ၀ယ်ယူတင်သွင်းဖို့ အဆင်သင့်ဖြစ်နေလျက်ရှိတာကြောင့် ယင်းနိုင်ငံဟာ မိမိတို့ရဲ့ အဓိကဆန်ဈေးကွက်တစ်ခုဖြစ်လာနိုင်တယ်ဆိုပြီး
အလားတူ စင်ကာပူဆန်ကုန်သည်တွေအနေနဲ့
ယခုသီတင်းပတ်အတွင်းမှာ ထိုင်းနိုင်ငံထွက် ဆန်တွေကိုတိုးမြင့်တင် ပို့ရောင်းချနိုင်ဖို့အတွက်
ထိုင်းရဲ့နာမည်ကျော် ဆန်အမျိုးအစားတစ်ခုဖြစ်တဲ့ စံပယ်ဆန်နဲ့အခြား အထူးဆန်မျိုးစိတ်တွေအတွက် ကျွန်းနိုင်ငံ
တစ်နိုင်ငံဖြစ်တဲ့ စင်ကာပူက အဓိကဈေးကွက်တစ်ခုဖြစ်လာဖို့ရှိတယ်လို့ Apiradi ကဆိုပါတယ်။
အလားတူ စင်ကာပူနိုင်ငံက စားသုံးသူတွေဟာ ၀ယ်ယူစားသုံးနိုင်မှုအားကောင်းသလို ထိုင်းရဲ့ဆန်ညို၊ ဆန်နီ၊ ဆန်ကြမ်း
လိုမျိုး ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ဆန်တွေကိုလည်း ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ၎င်းက ထပ်လောင်းပြောကြားသွားပါတယ်
ဒါ့အပြင် စင်ကာပူဟာ ဒေသတွင်းကုန်သွယ်မှု အချက်အချာနိုင်ငံဖြစ်နေ တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံကနေ တင်
သွင်းလာမယ့် ဆန်တွေကို အခြားတတိယနိုင်ငံတွေဆီကိုပြန်လည်တင်ပို့ခြင်းနဲ့ အကျိုးအမြတ်တွေ ရှာဖွေနိုင်တယ်လို့လည်း ၎င်းက ပြောဆိုသွားခဲ့ပါတယ်။
အထက်ပါအကြောင်းအချက်တွေကြော
လက်ရှိအချိန်မှာတော့ စင်ကာပူနိုင်ငံက ပြည်တွင်းစားသုံးဖို့အတွက်ပြည်ပကနေ တစ်နှစ်ကို ဆန်တန်ချိန် ၄၂၀,၀၀၀ တင်သွင်းနေပြီးတော့ အဓိကအားဖြင့် ထိုင်းနိုင်ငံကနေ အများဆုံးတင်သွင်းနေလျက်ရှိပါတယ်။
Credit To >>> SFJ Strategy First Journal
No comments:
Post a Comment