Pages

29.8.16

အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၈ ရာခိုင်နှုန်းကျော်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ရာခိုင်နှုန်းခန့်ရှိနေ

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁၈ ရာခိုင်နှုန်းကျော်ရှိနေပြီး နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှု၅ ရာခိုင်နှုန်းခန့်ရှိနေတယ်လို့ သိရပါတယ်။

ကဏ္ဍအလိုက်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏများအရ အိမ်ခြံ မြေကဏ္ဍမှာ ရင်းနှီးမြုပ်နှံ မှုကဏ္ဍအသီးသီးရဲ့ အဆင့် ၅ နေရာမှာရှိနေပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများဆုံးအဖြစ် ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ စွမ်းအင်နဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေက အသီးသီးရပ်တည်နေပါတယ်။
နိုင်ငံခြား သားရင်းနှီးမြုပ်နှံသူများအနေနဲ့မြန်မာနိုင်ငံတွင်းရင်းနှီးမြုပ်နှံရာမှာ အိမ်ခြံမြေကဏ္ဍ မှာရင်းနှီးမြုပ်နှံ သူပမာဏကို ကြည့်ခြင်းအားဖြင့် နည်းနေပါသေးတယ်။
နိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏများအရ အိမ်ခြံမြေကဏ္ဍကဒုတိယရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍ အဖြစ် ရပ်တည်လျက်ရှိနေပါတယ်။
House.com.mm မှ Co-founder နဲ့ Managing DirectorMr. Nitesh Khirwal က “ အိမ်ခြံမြေကဏ္ဍရင်းနှီး
မြုပ်နှံသူများဟာ နိုင်ငံရဲ့စီးပွားရေးတိုးတက်ဖြစ်ပေါ်နိုင်ချေ၊ စည်းကမ်းသက်မှတ်ချက်တွေနဲ့ ရေရှည်စိတ်ချရမှု၊
ဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်တွေမှာ Public နဲ့ Private တို့မှ ရင်းနှီးမြုပ်နှံမှုအခြေအနေနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှုများစတဲ့ ကဏ္ဍတွေအားလုံးကိုသေချာစွာ လေ့လာပြီးမှသာလျှင် ရင်းနှီးမြုပ်နှံမှုကိုစတင်ကြတာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။
၂၀၁၅ နိုင်ငံတွင်း နေထိုင်သူဦးရေ အရ ၃၄.၁ ရာခိုင်နှုန်းခန့်ကမြို့ပြဒေသများမှာ နေထိုင်သူများဖြစ်ပြီး ၂၀၁၀ မှ ၂၀၁၅
ခုနှစ်အတွင်း နှစ်စဉ်တိုးတက်ပြောင်းလဲသောနှုန်းထားဟာ၂.၅ ရာခိုင်နှုန်းဖြစ်ကာ ယင်းသို့ တိုးတက် ဖြစ်ပေါ်နေတဲ့အခြေအနေများအတွက် အိမ်ခြံမြေကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုပမာဏလိုက်ပါ တိုးတက်ရန် လိုအပ်မှာဖြစ်တယ်လို့ House.com.mm က သုံးသပ်ထားပါတယ်။မြန်မာ့နိုင်ငံရေး အပြောင်းအလဲက နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးကြီးသော အထောက်အပံ့တစ်ခု ဖြစ်လျက်ရှိပြီးနိုင်ငံခြားရင်းနှီးမြုပ်နှံမှူများဆက် လက်မြင့်တက်လာမယ်လို့မျှော်မှန်းလျက်ရှိကြပါတယ်။

Credit To >>> SFJ Strategy First Journal 

No comments:

Post a Comment