တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းအူဂါကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အစိတ် အပိုင်းအချို့၊ ရှန်ဆီးပြည်နယ်၊ ဟီဘေပြည်နယ် မြောက်ပိုင်း၊ ရှန်စီပြည်နယ်၊ ချုံကင်းနှင့်ဆီချွမ်ပြည်နယ်အနောက်တောင်ပိုင်း၊ တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသရှိ ပြည်နယ်များ ၌ သြဂုတ် ၁၂ ရက် နေ့ပိုင်းအပူချိန် များသည် ၃၅ ဒီဂရီဆဲလ်စီးယက် အထက်သို့မြင့်တက်နိုင်ကြောင်း တရုတ်အမျိုးသား မိုးလေဝသ ဌာနက ပြောကြားသည်။
ယင်းနေ့၌ ဒေသအချို့တွင် နေ့အပူချိန်သည် ၃၇ ဒီဂရီ ဆဲလ်စီးယက်မှ ၄ဝ ဒီဂရီဆဲလ်စီး ယက်အကြားအထိ မြင့်တက်နိုင် ကြောင်း မိုးလေဝသဌာနက ပြောကြားသည်။
တရုတ်နိုင်ငံတွင် ရာသီဥတု ဆိုင်ရာ ဘေးအန္တရာယ်ကျရောက် မှုအခြေအနေများအတွက် သတိ ပေးချက်များ ထုတ်ပြန်ရာ၌ အရောင်လေးမျိုးခွဲခြားသတ်မှတ် ဖော်ပြလေ့ရှိသည်။ ယင်းတို့တွင် အနီရောင်အဆင့်သည် ဘေးအန္တရာယ်အကြီးမားဆုံးအဆင့် ဖြစ်ပြီး ယင်းနောက်တွင် လိမ္မော် ရောင်၊ အဝါရောင်နှင့် အပြာရောင် အဆင့် သတိပေးချက်များခွဲခြားထုတ်ပြန်လေ့ရှိသည်။
Credit To >>> The Mirror Daily
No comments:
Post a Comment