Pages

29.8.16

ကိုဖီအာနန်ကို ရခိုင်အရေး အကြံပေးကော်မရှင် ဥက္ကဋ္ဌခန့်အပ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရန် ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်မည်

မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်အကြံပေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့်ပတ် သက်၍ ဆွေးနွေးရန် ရခိုင်ပြည် နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး ပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရခိုင်ပြဿနာဖြေရှင်းရာ တွင် ပြည်ပပုဂ္ဂိုလ်များပါဝင်သော အကြံပေးကော်မရှင်ကို အစိုးရက ဖွဲ့စည်းခြင်း၊ ဒေသတွင်းပြုလုပ် နေသည့် ၁၉၈၂ နိုင်ငံသားဥပဒေ ဖြင့် စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်မကျခြင်း စသည့်ကိစ္စရပ်များ တင်ပြဆွေးနွေးရန် ရခိုင်အမျိုးသားပါတီ (ANP)မှ ကိုယ်စားလှယ်များ ဦးဆောင် သည့် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ၁၃ ဦး လက်မှတ်ဖြင့် အရေးပေါ်အစည်းအဝေးကျင်းပ ရန် တောင်းဆိုထားခြင်းဖြစ် သည်။
ဩဂုတ် ၂၆ ရက်စွဲဖြင့် တင် ပြတောင်းဆိုထားပြီး စက်တင်ဘာ ဒုတိယပတ်ခန့်တွင် အရေးပေါ် အစည်းအဝေးကျင်းပနိုင်မည်ဖြစ် ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇော်ဦး က ပြောသည်။
‘‘လေးပုံတစ်ပုံထက်ကျော် တဲ့ အမတ်တွေ လက်မှတ်နဲ့ တင် ပြထားတာ။ နိုင်ငံခြားသား ဦး ဆောင်တဲ့ အကြံပေးအဖွဲ့ဖွဲ့တဲ့ ကိစ္စရယ်၊ ပြီးရင် ၁၉၈၂ ဥပဒေ ကို စနစ်တကျ စိစစ်နိုင်ခြင်းမရှိ ဘူးပေါ့။ ဒါတွေကို တင်ပြမှာပါ’’ ဟု ဦးကျော်ဇော်ဦးက ပြောသည်။
၎င်းက ဆက်လက်၍ ‘‘ရခိုင် အမျိုးသားပါတီရဲ့ သဘောထား ထုတ်ပြန်ထားတာရှိပါတယ်။ အဲ ဒီအတိုင်း ရပ်တည်သွားမယ်’’ဟု ဆိုသည်။
ရခိုင်အမျိုးသားပါတီ (ANP)မှ နိုင်ငံသားတို့ မူလအခွင့်အရေး ကို ဆုံးရှုံးစေနိုင်သည့်အပြင် အ ချုပ်အခြာအာဏာကိုပါ ထိခိုက် စေနိုင်သဖြင့် မစ္စတာကိုဖီအာနန် ဦးဆောင်သည့် အကြံပေးကော် မရှင်ကို ဖျက်သိမ်းပေးရန် သဘောထားထုတ်ပြန်ထားသည်။
သိမ်မွေ့နက်နဲသည့် ရခိုင် ပြဿနာများ ဖြေရှင်းရာတွင် နည်းလမ်းကောင်းများကို အကြံပြုနိုင် ရန် ကုလအတွင်းရေးမှူးချုပ် ဟောင်းနှင့် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် မစ္စတာကိုဖီအာနန်ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် အကြံပေးကော်မရှင်ကို ဩဂုတ် ၂၄ ရက်စွဲ ဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။
Credit To >>> 7 Day Daily

No comments:

Post a Comment