
ရွှေဈေးကွက်တွင် အ ခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၈၀,၀၀၀ ကျော်ပေါက်ဈေးဖြစ်ခဲ့ပြီး အရောင်းအ၀ယ်မဖြစ်ကြောင်း ရွှေဈေးကွက်မှ သတင်းရရှိသည်။
သြဂုတ် ၂၄ရက်တွင် ဗဟို ဘဏ်က ရည်ညွှန်းငွေလဲနှုန်းကို အမေရိကန် တစ်ဒေါ်လာလျှင် ၁,၂၀၃ကျပ်သို့ မြင့်တက်လာပြီးနောက် ပြည်တွင်း ရွှေဈေးသည် အမြင့်ဆုံးနှုန်းသို့ မြင့်တက်လာ ခြင်းဖြစ်သည်။
ရွှေဈေး မြင့်တက်လာခြင်း မှာ ကန်ဒေါ်လာဈေးတက်လာ ခြင်းကြောင့်သာဖြစ်ပြီး ကမ္ဘာ့ရွှေ ဈေးအတက်အကျမများကြောင်း၊ ဈေးကွက်အတွင်း ၀ယ်လိုအား မရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ် ငန်းရှင်များအသင်းအတွင်းရေး မှူးဦးကျော်ဝင်းကပြောသည်။
‘‘ဒေါ်လာဈေးမြင့်တက်လာ တော့ ပြည်တွင်း ရွှေဈေးက ဒီ လောက်ဖြစ်သင့်တယ်လို့ သတ် မှတ်လိုက်တာပါ။ အရောင်းအ ၀ယ်ကတော့ သိပ်မကောင်းဘူး’’ ဟု ဦးကျော်ဝင်းကပြောသည်။
ယခုဈေးနှုန်းသည် ရွှေဈေး သမိုင်းတွင် အမြင့်ဆုံး နှုန်းဖြင့် ဆက်တိုက် စံချိန်ချိုးနေပြီး ဈေး ပြန်လည်ကျရန်မှာ နိုင်ငံတကာ ဈေးနှုန်းပေါ်တွင်သာ မူတည်နေ ကြောင်း ဦးကျော်ဝင်းက ပြော ကြားသည်။
ပြည်တွင်းအခေါက်ရွှေဈေး သည် ပြီးခဲ့သည့်နှစ်က ၈၀၀,၀၀၀ ကျပ်ဈေးအထိမြင့်တက်ခဲ့သည်။ယခုနှစ် ဇူလိုင်က ၈၅၀,၀၀၀ကျပ်ကျော် ဈေးပေါက်ခဲ့ပြီး သြဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ၈၈၀,၀၀၀ ကျပ်ခန့်ဖြင့် အမြင့်ဆုံးနှုန်းဖြစ်လာကာ ညနေပိုင်းတွင် တစ်ကျပ်သား လျှင် ၈၇၀,၀၀၀ ကျပ်နှုန်းဖြင့် ဈေးပိတ်ခဲ့သည်။
‘‘ဗဟိုဘဏ်က ဒေါ်လာဈေး နှုန်းမြင့်တက်လာတာထက် ပြင်ပ ပေါက်ဈေးမှာ တစ်ဒေါ်လာကို ၁,၂၃၁ကျပ်အထိပေါက်သွားလို့ ရွှေဈေးက အခုလိုဖြစ်သွားတာ။ ညနေပိုင်းမှာ ၀ယ်လိုအား မရှိတော့ ရွှေတစ်ကျပ်သားကို ၁၀,၀၀၀ လောက်ပြန်ကျသွားတယ်’’ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေး မှူးဦးဝင်းမြင့်ကပြောသည်။
Credit To>>> 7 Day Daily
No comments:
Post a Comment