
နိုင်ငံသားတစ်ဦးချင်းချမ်း
ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု အချက်အလက်ဆိုင်ရာနှင့်ဈေးကွက်သုတေသန ကုမ္ပဏီ New World Wealth ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရဆိုရင် အမေရိကန်နိုင်ငံဟာ နိုင်ငံသားတစ်ဦးချင်းစီရဲ့အသားတင် ချမ်းသာကြွယ်ဝမှု အားလုံးပေါင်း တန်ဖိုးဒေါ်လာ ၄၈,၉၀၀ ဘီလီယံနဲ့ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။
ယခုတွက်ချက်မှုမှာတော့ နိုင်ငံတွေက အစိုးရတွေရဲ့ ငွေကြေးတွေကို ထည့်သွင်းတွက်ချက်ချင်းမရှိ
အမေရိကန်ရဲ့ နောက်မှာတော့ တရုတ်က ဒေါ်လာ ၁၇,၄၀၀ ဘီလီယံ နဲ့ ဒုတိယနေရာက ရပ်တည်နိုင်ခဲ့ပြီး ဂျပန် နိုင်ငံကတော့ တစ်ဦးချင်း ကြွယ်ဝပိုင်ဆိုင်မှု စုစုပေါင်း တန်ဖိုး ဒေါ်လာ ၁၅,၁၀၀ ဘီလီယံနဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ်။
အလားတူ ဗြိတိန်က ဒေါ်လာ ၉,၂၀၀ ဘီလီယံ ၊ ဂျာမနီက ဒေါ်လာ၉,၁၀၀ ဘီလီယံ နဲ့ ပြင်သစ်က ဒေါ်လာ ၆,၆၀၀ ဘီလီယံတို့နဲ့ နံပါတ် လေး၊ငါး၊ခြောက် နေရာတွေမှာ အသီးသီးရပ်တည်နိုင်ခဲ့ကြ ပါတယ်။အလားတူ ယင်းစာရင်းမှာ နံပါတ်ခုစ်နေရာကနေ အိန္ဒိယနိုင်ငံ ရပ်တည်နိုင်ခဲ့ပြီး ယင်းမှာလည်း များပြားလွတဲံ လူဦးရေကြောင့်ခုလိုမျိုး ထိပ်ပိုင်းနေရာမှာ ပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Credit To >>> SFJ Strategy First Journal
No comments:
Post a Comment