Pages

15.8.16

မော်လိုက် ရေနံတွင်းများမှ ရေနံစိမ်းနှင့်ရေနံချေးကို ဒေသခံများဝယ်ခွင့်ရရေး တိုင်းအစိုးရမှ ဆောင်ရွက်ပေးမည်

စစ်ကိုင်းတိုင်း ဒေသကြီး မော်လိုက်မြို့နယ်လေ သာအုပ်စု အင်းတော်ရွာရှိ အင်းတော် သမအသင်းမှ လုပ်ကိုင်နေသော ရေနံတွင်း များမှ ရေနံစိမ်းနှင့် ရေနံ ချေးကို ဒေသခံများလွတ်လပ်စွာ ၀ယ်ခွင့်ရရေး တိုင်းအစိုးရမှ ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဦးကမ်ဇာမုံကပြောသည်။

"ရေနံတိုးချဲ့ထုတ်နိုင်ရေးအ သင်းအဖွဲ့တွေ၊ လုပ်ငန်းရှင်တွေ တင် ပြလာ ရင် ခေတ်မီ တူးဖော်ရေး ကိရိ ယာများရရှိရေး သက်ဆိုင်ရာဝန်ကြီး ဌာနနဲ့ ဆက်သွယ်ပြီးကျွမ်းကျင် ပညာရှင်များရအောင် လုပ်ပေးမှာ ပါ။ ရေနံတွင်း အသစ်ဖော်ချင်ရင် လည်းစည်းမျည်းစည်းကမ်းနဲ့အညီ တူးခွင့်ပေးမယ် ။ ဒေသအထောက် အကူရအောင် လုပ်ငန်းရှင်၊ အသင်း အဖွဲ့တွေနဲ့ပေါင်းစပ်ပြီးဆောင်ရွက် သွားမယ်။ နိုင်ငံတော်အခွန်တိုးဖို့ လည်း အခွန်ဌာနနဲ့ လုပ်ငန်းရှင်များ ပေါင်းစပ်ဆောင်ရွက်ပေးမယ်" ဟု ၀န်ကြီးကပြောသည်။
၎င်းင်းရေနံတွင်းများသည် ကိုလို နီခေတ်လက်ထက်က တည်ရှိခဲ့ပြီး ၁၉၆၂ တွင် ပြည်သူပိုင်ဖြစ်လာခဲ့ ကာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေနံမြေကုန်ထုတ်လုပ်မှုသမ၀ါယမ အသင်းဖြစ်ခဲ့သည်။ ထိုစဉ်က ရေနံ တွင်းများသည် ဒေသခံပြည်သူ များ နှင့် အထက်ချင်းတွင်းတခွင်ရှိပြည် သူများအတွက်အကျိုးပြုခဲ့ကြောင်း သိရသည်။
" မြို့နယ်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင် စီခေတ်ရောက် တော့ ရေနံ ကို ခွဲတမ်းစနစ်နဲ့ပေးတယ်။ အဲဒီကစပြီးဒေသ ခံတွေ မှာ ရေနံတွင်း တွေ တစ်နေ့ဘယ်နှဂါလံထွက်တယ် ဆိုတာတွေမသိတော့ ဘူး။ ခုကျခွဲ တမ်းစနစ်လည်းပျက်ခဲ့တယ်။ ရေနံ တွင်းတွေမှာ လက်ချိုးရေလို့ရတဲ့ လူ နည်းစုကသာ ကြီးပွားချမ်းသာနေကြ တာ၊ ကုန်ထုတ်လုပ်ငန်းကို ခေတ်နဲ့ အညီ ပြုပြင်မပြောင်းလဲနိုင်ရင်တော့ ဆင်းရဲချမ်းသာကွာဟမှုကြီးလာမယ်" ဟု မော် လိုက်မြို့နယ် မဲ ဆန္ဒနယ် (၂) မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်ကပြောသည်။
မော်လိုက်မြို့နယ် အင်းတော် ဒေသရှိ ရေနံတွင်းများကို ရွှေမဲရတနာ စက်မှုထုတ် ကုန်သမအသင်းနှင့် ချင်းတွင်းအောင်ရေနံကုန်ထုတ် သမအသင်း တို့မှ လုပ်ဆောင်နေပြီး အစိုးရသစ်တက်လာချိန်လေးလတာ ကာလအ တွင်း ရေနံစိမ်း ၃၀၄၆၆ ဂါလံ ထုတ်ယူခဲ့ပြီးဖြစ်ကြောင်း စစ် ကိုင်းတိုင်းအစိုးရ အဖွဲ့ရုံးမှ သိရသည်။
Credit To >>> Democracy Today

No comments:

Post a Comment