ရန်ကုန်မြို့တွင်း ခရီးသည်သယ်ယူပို့ဆောင်ရေးအတွက် ဘတ်စ်ကားအများပိုင်ကုမ္ပဏီ ၁၀ ခု ဖွဲ့စည်းမည်
ရန်ကုန်မြို့ တွင်း ခရီးသည်သယ်ယူပို့ဆောင် ရေးအတွက် ဘတ်စ်ကားအများ ပိုင်ကုမ္ပဏီ ၁၀ ခုဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှအတွင်း ရေးမှူးဒေါက်တာမောင်အောင်က ပြောသည်။
ရန်ကုန်မြို့တွင်းေ
ပြးဆွဲလျက် ရှိသည့် ခရီးသည်တင်ယာဉ်လိုင်း များကို ယာဉ်လိုင်းများပြန်လည်စိ စစ်ခြင်း၊ လမ်းကြောင်းများပြန်လည် သတ်မှတ်ကာ ဘတ်စ်ကားအများ ပိုင်ကုမ္ပဏီဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ဒေါက်တာမောင်အောင်က"ဘတ်စ်ကားအများပိုင်ကုမ္ပဏီ ၁၀ ခုဖွဲ့စည်းဆောင်ရွက်သွားဖို့ရှိပါ တယ်"ဟု သြဂုတ် ၄ ရက်က ဒီမိုက ရေစီတူဒေးကို ပြောသည်။ဘတ်စ်ကားစနစ်ပြောင်းလဲ ရေးအတွက်လိုအပ်သည့်ကားတင်သွင်းခွင့်များ၊ ကားသစ်များလဲနိုင် ရန်အတွက် လိုအပ်သည့်ချေးငွေ များကိုဘဏ်များမှတစ်ဆင့် ချေးယူ ခွင့်ရရန် ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့အနေနှင့် ကူညီပေးမည် ဖြစ်ကြောင်း သိရသည်။ဒေါက်တာမောင်အောင်က"ရန် ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီများဖွဲ့စည်းပြီး ပါဝင်ပြေးဆွဲဖို့လာ ရောက်လျှောက်ထားတဲ့ ကုမ္ပဏီ ၁၀ ခုထိ ရှိပါတယ်။ ဒီကုမ္ပဏီထဲမှ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ ကပါဝင်ပါမယ်။ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းပြီးပြီလို့ပြောပါတယ်။ ဖွဲ့စည်း ပြီးပေမယ့် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရပါမယ်"ဟုပြောသည်။ယင်းကဲ့သို့ ပါဝင်ပြေးဆွဲရန် အတွက် မြန်မာ့စီးပွားရေးဦးပိုင် လိမီတက်မှSKBစနစ်ဖြင့်ထုတ် လုပ်နေသောမော်တော်ယာဉ်ထုတ် လုပ်ရေးစက်ရုံမှ Yutong စီးတီး ဘတ်စ်များဖြင့်ပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။
Credit To >>> Democracy Today
No comments:
Post a Comment