တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ရပ်ဆိုင်း ထားသော ဟိန္ဒားသတ္တုတွင်းစီမံကိန်း ကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီ အစဉ် ရေးဆွဲပြီး မှသာ ပြန်လည်လုပ်ကိုင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း တနင်္သာ ရီတိုင်းဒေ သကြီး အစိုးရအဖွဲ့သယံ ဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ၀န်ကြီးဦးမြင့်မောင်က သြဂုတ် ၂၁ ရက်က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရ သစ်လက်ထက်တွင် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုများကြောင့် ဟိန္ဒားသတ္တု တွင်းလုပ်ငန်း အပါအ၀င် သတ္တုတွင်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်
နေ သည့်လုပ်ငန်းသုံးခုကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
ဦးမြင့်မောင်က "အခုရပ်ဆိုင်း လိုက်တဲ့ လုပ်ငန်းတွေကတော့ ရေ ဆိုးတွေ တအားထွက်တယ်။ အဓိက ကတော့ စနစ်တကျမ လုပ်ဆောင်တဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့် သူ တို့ကို ဒီဇိုင်းပြန်ဆွဲခိုင်းထားပါ
တယ်။ ဟိန္ဒားဆိုရင် သူတို့ကို ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် (EMP)ကို ဆွဲ ခိုင်းထားပါတယ်။သူတို့ ပြန်ဆွဲထား တာကိုကျွန်တော်တို့က ပြန်စစ်မယ်။ ပတ်ဝန်းကျင်မ ထိခိုက်ဘူးဆိုရင်တော့ ကျွန်တော်တို့ကပြန်ပြီး ခွင့်ပြုသွား မှာပါ။ ရပ်ဆိုင်းထားတဲ့သတ္တုတူးဖော်
ရေးလုပ်ငန်းတွေ အနေနဲ့ EMP ပါမှ ပဲခွင့်ပြုသွားတော့မှာပါ" ဟု သြဂုတ် ၂၂ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်
။
ဟိန္ဒားစီမံကိန်းလုပ်ငန်းကို
လုပ် ကိုင်လာသည်မှာ ၁၉၉၉ ခုနှစ်မှ ယနေ့အချိန်ထိ ဧကပေါင်း ၂၁၁၀ ကျော်တွင်လုပ် ကိုင်နေခြင်းဖြစ် ကာ သတ္တုတူးဖော်ရေးလုပ်ငန်းကိုသ
တ္တု တွင်းဝန်ကြီးဌာနမှ ၃၅ ရာခိုင်နှုန်း နှင့် ကုမ္ပဏီမှ ၆၅ ရာခိုင်နှုန်းဖြင့်အကျိုး တူပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ် ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် သတ္တုတွင်းလုပ်ငန်း လုပ်ကိုင်ခွင့် အနေဖြင့် ကုမ္ပဏီ ၃၇ ခုကျော်ကို ခွင့်ပြုထားပြီး အများစုမှာ ခဲမဖြူနှင့် အဖြိုက်နက် တူးဖော်သည့် လုပ်ငန်းများ ဖြစ်ကြောင်းသိရသည်။
Credit To >>> Democracy Today
No comments:
Post a Comment