Pages

19.9.16

အာရှဒေသက လုပ်ငန်းတွေအားလုံးကျော်ဖြတ်ပြီး ဈေးကွက်တန်ဖိုး အမြင့်ဆုံးလုပ်ငန်းဖြစ်လာတဲ့ Alibaba

တရုတ်ရဲ့ e-commerce လုပ်ငန်းကြီးဖြစ်တဲ့ Alibaba ရဲ့လက်ရှိဈေးကွက်တန်ဖိုးဟာဆိုရင် အခြားအာရှမှာ စာရင်းသွင်းလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအားလုံးထက် သာလွန်ပြီးစုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၆ ဘီလီယံထိ ရှိလာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့အကြီးဆုံး e-commerce လုပ်ငန်းကြီးဟာဆိုရင် စက်တင်ဘာလ ၁၆ ရက်က နယူးယောက်ကုန်စည်ဒိုင်မှာရှယ်ယာတစ်စုကို ဒေါ်လာ ၁၀၄ ဒသမ ၆၄ နဲ့ ဈေးကွက်ပိတ်သိမ်းခဲ့ပြီးတော့ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂၆၆ ဘီလီယံထိ ရှိခဲ့ပြီး အာရှစာရင်းသွင်းလုပ်ငန်းတွေထဲမှာ ဈေးကွက်တန်ဖိုးအကြီးဆုံးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ယင်းလုပ်ငန်းကြီးရဲ့ ဘဏ္ဍာရေးအရ တစ်မဟုတ်ချင်းတိုးတက် ဖွံ့ထွားလာတာကြောင့်လည်း ယခုလို ရှယ်ယာတန်ဖိုးမြင်တက်လာခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ သိရပါတယ်။

ယခုလအစောပိုင်းကတော့ အခြားသော တရုတ်အင်တာနက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencent က ဈေးကွက်တန်ဖိုးအမြင့်ဆုံး အာရှကုမ္ပဏီဖြစ်ခဲ့တာဖြစ်ပါတယ်။

Alibaba ကုမ္ပဏီကတော့ ယခုနှစ် ဒုတိယသုံးလပတ်မှာ လုပ်ငန်းပိုင်း တိုးတက်မှုအားကောင်းလွန်းခဲ့ပြီး လုပ်ငန်းဝင်ငွေပိုင်းမှာလည်း တစ်နှစ်ထက်တစ်နှစ် ၅၉ ရာခိုင်နှုန်းထိမြင့်တက်လာနေခဲ့တာဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal


No comments:

Post a Comment