Pages

14.9.16

ပြီးခဲ့တဲ့ ၁နှစ်အတွင်း ဥရောပဒေသက ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးက မြန်မာနဲ့ ဂျပန် တို့ဖြစ်


ကမ္ဘာ့ဦးဆောင် ခရီးသွားဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ Agoda က ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း ဥရောပဒေသက ခရီးသွားတွေလာရောက်မှုနှုန်းအမြင့်မားဆုံးဖြစ်ခဲ့တဲ့ အာရှဒေသရဲ့ ခရီးသွားနေရာတွေကို ထုတ်ပြန်ခဲ့ရာမှာတော့ ယင်းတို့ထဲမှာ ဂျပန်နဲ့ မြန်မာနိုင်ငံတို့က ဆွဲဆောင်မှုအရှိဆုံး ခရီးသွားနိုင်ငံတွေအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဥရောပဒေသက Agoda.com ရဲ့ ဖောက်သည် လေးသန်းလောက်ရဲ့ Booking အချက်အလက်တွေကို အခြေခံပြီးတော့ ပြီးခဲ့တဲ့ ၁၂ လအတွင်း အာရှဒေသအတွင်းက ဟိုတယ် bookingလုပ်မှုနှုန်း အမြင့်ဆုံးသော ခရီးသွားနေရာတွေကို လေ့လာဖော်ထုတ်ခဲ့ပါတယ်။ ယင်းတို့ထဲမှာ မြန်မာနဲ့ ဂျပန်တို့က ဥရောပခရီးသွားလာရောက်မှုအများဆုံးသော ခရီးသွားနေရာသုံးနေရာစီနဲ့ ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးနေရာတွေအဖြစ်ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ မွန်ပြည်နယ် မြို့တော် မော်လမြိုင်မှာဆိုရင် ၂၀၁၄ ခုနှစ်ကထက် ခရီးသွားလာရောက်မှု နှစ်ဆနီးပါး မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အလားတူပဲ တောင်ကုန်းတောင်တန်းတွေ ၀န်းရံထားတဲ့ ကရင်ပြည်နယ်ဘားအံမြို့မှာဆိုလည်း ယမန်နှစ်နဲ့ နှိုင်းယှဉ်ရင် ဥရောပခရီးသွားလာရောက်မှု ၈၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ Agoda ကဖော်ပြခဲ့တဲ့ လေ့လာချက်အရတော့ သီပေါမြို့ကလည်း ခရီးသွားတွေကို ဆွဲဆောင်နိုင်မှုအားကောင်းခဲ့တယ်လို့ သိရပါတယ်။

“အခြေခံအဆောက်အအုံပိုင်းဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ မြန်မာနိုင်ငံကအံ့သြလောက်ဖွယ်ကောင်းတဲ့ ခရီးသွားနေရာတစ်ချို့ ပေါ်ထွက်လာခဲ့ပါပြီ၊ အရင်က ရန်ကုန်၊ မန္တလေးနဲ့ ပုဂံတို့လောက်ပဲရှိခဲ့ရာကနေအခု တိုးတက်ပြန့်ကားလာနေပါပြီ” လို့ Agoda ရဲ့ ဒုဥက္ကဌ Errol Cooke ကပြောသွားပါတယ်။


Credit To >>> SFJ Strategy First Journal 

No comments:

Post a Comment