Pages

26.9.16

အဆိပ်ရှိ ရေနေသတ္တ၀ါ တွေ့ရှိရတာကြောင့် ထိုင်းနိုင်ငံရဲ့ ဖူးခက် ကမ်းခြေတွေမှာ ရေကူးခွင့်ပိတ်ပင်

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ခရီးသွားဒေသတစ်ခုဖြစ်တဲ့ ဖူးခက်ကအထင်ကရ ကမ်းခြေသုံးခုမှာဆိုရင် လူသေဆုံးစေတဲ့ Jellyfish ပုံစံတူ အဆိပ်ရှိ ရေနေသတ္တ၀ါတွေ တွေ့ရှိထားတာကြောင့် အားလပ်ရက်ခရီးထွက်လာသူတွေကို ရေကူးခွင့်ပိတ်ပင်ထားလိုက်ပြီဖြစ်ပါတယ်။
စက်တင်ဘာ ၂၃ ရက်က ဖူးခက်ရဲ့ Naiyang ၊ Naithon နဲ့ Layanကမ်းခြေတွေမှာ ယင်းရေနေသတ္တ၀ါတွေကြောင့် ခရီးသွားတွေကိုရေဆင်းကူးခွင့် ပိတ်ပင်လိုက်ရတာဖြစ်တယ်လို့ Sirinath အမျိုးသားသဘာဝဥယျာဉ်အကြီးအကဲ Kittiphat Tharapiban က စက်တင်ဘာ၂၄ ရက်မှာ ပြောသွားပါတယ်။
ယင်းသတ္တ၀ါတွေဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး မျိုးစိတ်တွေဖြစ်တယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။ ယင်းအကောင်တွေနဲ့ ထိမိတဲ့သူတွေအနေနဲ့ ပြင်းထန်စွာ နာကျင်မှုဝေဒနာတွေကို ခံစားရမှဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ယင်းရဲ့ အဆိပ်မိသူတွေအနေနဲ့ သွေးလန့်တာ၊ နှလုံးခုန်မမှန်တာမျိုးတောင် ဖြစ်သွားနိုင်တယ်လို့လည်း ၎င်းက ပြောပါတယ်။ယခုလို ကမ်းခြေတွေမှာ တွေ့ရတဲ့ ယင်းအဆိပ်ရှိသတ္တ၀ါက လာရောက်တဲ့ ခရီးသွားတွေကို အန္တရာယ်ဖြစ်စေတာကြောင့် ယခုလိုရေကူးခွင့်ကိုပါ ပိတ်ပင်လိုက်ရတာဖြစ်ပါတယ်။

# SFJ Strategy First Journal

No comments:

Post a Comment