Pages

16.9.16

အေးစက်ခဲ့သည့် အိမ်ခြံမြေဈေးကွက်အတွင်း ဈေးလျှော့ရောင်းချမှုကြောင့် အရောင်းအ၀ယ်ပြန်ဖြစ်


လွန်ခဲ့သည့် နှစ်နှစ်အတွင်း အရောင်းအ၀ယ် အေးစက်သွားခဲ့သော အိမ်ခြံမြေဈေးကွက်တွင် ငွေလိုသူများမှ ဈေးလျှော့ရောင်းချမှုများ ရှိနေခြင်းကြောင့် တချို့ နေရာများတွင် လတ်တလောကာလအတွင်း အရောင်းအ၀ယ် ပြန်ဖြစ်လျှက်ရှိကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရသည်။

 
“ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းလို နေရာတွေမှာ အရင်က သိန်း ၅၀၀ လောက် ခေါ်ထားတဲ့ မြေကွက်နေတွေကို သိန်း ၃၀၀ လောက်နဲ့ လျှော့ရောင်းတာတွေ တွေ့ရတယ်။ တချို့ ကန်ထရိုက်တိုက်ခန်းတွေကိုလည်း ခေါ်ထားတဲ့ ဈေးထက် ကျပ်သိန်း ၃၀၊ ၄၀ လောက် လျှော့ရောင်းတာတွေ တွေ့ရတယ်။ ကျပ်သိန်း ၁၀၀၀ အောက် အိမ်ခြံမြေတွေတော့ နည်းနည်း အရောင်းအ၀ယ် ပြန်ဖြစ်နေပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
 
အိမ်ခြံမြေ အရောင်းအ၀ယ် အေးလျှက်ရှိသောကြောင့် ငွေလိုသူများမှာ ဈေးလျှော့ရောင်းချခြင်းများ ရှိနေပြီး လက်ရှိတွင် အိမ်ခြံမြေကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ရန် ကမ်းလှမ်းမှုများရှိသော်လည်း အိမ်ခြံမြေဈေးကွက်တွင်မူ ငှားရမ်းမှုများသာ များနေသေးကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန် ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောကြားသည်။
 
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် ၂၀၁၅ ရွေးကောက်ပွဲ ကာလပြီးနောက်ပိုင်းတွင် အခွန်စနစ် အပြောင်းအလဲများကြောင့်လည်း ဈေးကွက်တုံ့ဆိုင်းနေခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

Credit To >>> The Ladies News

No comments:

Post a Comment