ပြင်သစ်နိုင်ငံမှ အဲဘတ်စ်လေယာဉ် အစင်း ၄ဝ ဝယ်ယူမည့် သဘောတူစာချုပ်များကို ဗီယက်နမ်လေကြောင်းလိုင်းသုံးခုက လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကွမ်နှင့် ဧည့်သည် ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်တို့ တက်ရောက်သော လက်မှတ်ရေး ထိုးပွဲအခမ်းအနားတစ်ခု၌ အဲဘတ်စ်ဂျက်လေယာဉ် A350-900 XWB ၁ဝ စင်း ဝယ်ယူရေးနားလည်မှုစာချွန်လွှာတစ်ရပ် ကို နိုင်ငံပိုင်လေကြောင်းလိုင်း ဗီယက်နမ်အဲလိုင်းကလက်မှတ် ရေးထိုးခဲ့သည်။ လက်ရှိအချိန်တွင် ဗီယက်နမ်အဲလိုင်းက ၂ဝ၁၉ ခုနှစ်လယ်ထိ တစ်စင်းချင်းပေးပို့မည့် မှာယူထားသော A 350 လေယာဉ် ၁၄ စင်းအနက် လေးစင်းကို အသုံးပြု လျက်ရှိသည်။
အဆိုပါလေယာဉ်များကို အပြည်ပြည်ဆိုင်ရာလေကြောင်း ခရီးစဉ်များဖြစ်သော ပြင်သစ်နိုင်ငံ ပါရီမြို့တော်၊ တောင်ကို ရီးယားနိုင်ငံ အင်ချွန်းမြို့နှင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့များအပြင် ဟနွိုင်းမြို့တော်နှင့် နိုင်ငံတောင်ပိုင်းရှိ ဟိုချီမင်းမြို့များ သို့ ပြေးဆွဲသော ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် အသုံးပြုနေကြောင်း ဗီယက်နမ်အဲလိုင်းက ပြောကြားသည်။ ယင်းအခမ်းအနား၌ ဗီယက်နမ်တန်ဖိုးနည်းလေကြောင်းလိုင်း ဂျက်စတားပစိဖိတ်နှင့် အဲဘတ်စ်ကုမ္ပဏီတို့က A320 CEO လေယာဉ် ၁ဝ စင်းဝယ်ယူရေး သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
စာချုပ်အရမှာယူထားသောလေယာဉ်များကို ၂ဝ၁၇ ခုနှစ်တွင် ပေးပို့ရမည်ဖြစ်သည်။ ဂျက်စတားပစိဖိတ်လေကြောင်း လိုင်းက၂ဝ၂ဝ ခုနှစ်မတိုင်မီ အဲဘတ်စ် A320 လေယာဉ် အစင်း ၃ဝ ထိ ဝယ်ယူသွားရန် ရည်မှန်းနေသည်။ အခြား အဖိုးနည်း လေကြောင်းလိုင်းတစ်ခုဖြစ်သော ဗီယက်ဂျက် လေကြောင်းလိုင်းက အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၉ ဘီလီယံတန်ကြေးရှိအဲဘတ်စ်လေယာဉ်အစင်း ၂ဝ ဝယ်ယူ မည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
Credit To >>> The Mirror Daily
No comments:
Post a Comment