Brexit ကြောင့်အာရှဒေသကစီးပွားရေးတွေလုပ်ငန်းအတွက် ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ဗြိတိန်ကုန်သွယ်ရေးဝန်ကြီးဟောင်းဆို
EUကနေ ဗြိတိန်နှုတ်ထွက်မှုနောက်ဆက်တွဲဂယက်အနေနဲ့ အာရှဒေသက စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ
အနေနဲ
့ ထိခိုက်ဆုံးရှုံးလာစရာရှိနေတယ်လို့ ဗြိတိန် ကုန်သွယ်ရေးဝန်ကြီးဟောင်း Peter Mandelsonက ပြောကြားလိုက်ပါတယ်။ ယင်းအတွက်ကြောင့်လည်း EUကနေဗြိတိန် အေးအေးသက်သာ ထွက်ခွာမှုအပေးမှာ ကူညီထောက်ခံပေးသင့်တယ်လို့ ၎င်းက ပြောကြားလိုက်ပါတယ်။" ဗြိတိန်အနေနဲ့ အခြား အစားထိုး ကုန်သွယ်မှု အစီအမံတွေ မပါဘဲနဲ့ခုချိန်မှာEUကနေ ထွက်လိုက်မယ်ဆိုရင်တော့ အာရှဒေသကစီးပွားရေးလုပ်ငန်းတွေနဲ့ အကြား ကုန်သွယ်မှုပိုင်းမှာ အတားအဆီး အခက်အခဲတွေ ခင်ဗျားတို့ မြင်တွေ့ရနိုင်ပါတယ်" ဆိုပြီး ၎င်းက အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။EUအုပ်စုဟာဆိုရင် ၂၀၁၅ ခုနှစ်က အာရှဒေသရဲ့ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ခဲ့တာဖြစ်ပါတယ်။EUဟာစုစုပေါင်း အသားတင်ထုတ်ကုန်ပိုင်းအရ ကမ္ဘာ့အကြီးဆုံးစီးပွားရေးအဖြစ် ခံယူနိုင်ဖို့အမေရိကန်နဲ့ ယှဉ်ပြိုင်နေရလျက်ရှိပါတယ်။အာရှဒေသအနေနဲ့ Brexit အရေးမှာ စိတ်ဝင်စားမှုရှိခဲ့ပြီးတော့ အီးယူကနေဗြိတိန် နှုတ်ထွက်မှုအတွက် ကူညီထောက်ခံအားပေးကြရန် တိုက်တွန်းလိုကြောင်း Mr Mandelson က ပြောသွားပါတယ်။ ၎င်းဟာ ဆိုရင်ဗြိတိန်ဝန်ကြီးချုပ် Tony Blair နဲ့ Gordon Brown တို့လက်ထက်တုန်းကတည်းက အရေးပါတဲ့ ရာထူးနေရာတွေကို ရယူထားခဲ့သူဖြစ်ပါတယ်။ဗြိတိန်နိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ အီးယူကနေ နှုတ်ထွက်ရတော့မှာဖြစ်ပေမယ့် ယခင်အတိုင်း ခံစားရရှိနေတာတွေကို အစားထိုးရရှိနိုင်ဖို့ကြိုးပမ်းနေလျက်ရှိပါတယ်။
Credit To >>> SFJ Strategy First Journal
No comments:
Post a Comment