Brexit နောက်ပိုင်း ဗြိတိန်ရဲ့ ကုမ္ပဏီအများစု ပြည်ပကို လုပ်ငန်းတွေပြောင်းရွှေ့လုပ်ကိုင်သွားဖို့ စဉ်းစား
ဥရောပသမဂ္ဂကနေ ထွက်ဖို့မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ဗြိတိန်ကုမ္ပဏီတွေရဲ့ စီအီးအို လေးပုံ ပုံ သုံးပုံလောက်ဟာဆိုရင် နိုင်ငံရပ်ခြားမှာပဲ လုပ်ငန်းတွေ ပြောင်းရွှေ့သွားရောက်လုပ်ကိုင်ဖို့ စဉ်းစားနေကြတယ်လို့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။
လုပ်ငန်းဝင်ငွေ ပေါင်သန်း ၁၀၀ ကနေ ၁ ဘီလီယံကြား ရှိနေတဲ့ ကုမ္ပဏီတွေထဲကနေ အမှုဆောင်အရာရှိချုပ် အယောက် ၁၀၀ ကိုနိုင်ငံတကာ ပရိုဖယ်ရှင်နယ် ၀န်ဆောင်မှုကုမ္ပဏီ KPMG ကစစ်တမ်းကောက်ယူခဲ့ရာမှာတော့ ဖြေဆိုသူ ၈၆ ရာခိုင်နှုန်းက၎င်းတို့ရဲ့လက်ရှိကုမ္ပဏီတွေရဲ့ တိုးတက်မှုအလားအလာပိုင်းအပေါ် ယုံကြည်မှုရှိတယ်လို့ ဖြေခဲ့ကြပါတယ်။အလားတူ လာမယ့်သုံးနှစ်အတွင်းမှာလည်း ဗြိတိန်ရဲ့ စီးပွားရေးတိုးတက်နိုင်မှုအလားအလာတွေအပေါ် ယုံကြည်စိတ်ချမှု ရှိတယ်လို့လည်း စစ်တမ်းဖြေဆိုသူ ၆၉ ရာခိုင်နှုန်းက ဖြေဆိုသွားကြပါသေးတယ်။ဒါပေမယ့်လည်း ဖြေဆိုသူ ၇၆ ရာခိုင်နှုန်းကတော့ ဇွန်လ ၂၃ ရက်ရလဒ်ကြောင့် ၎င်းတို့ရဲ့ လက်ရှိလုပ်ငန်းဌာနချုပ်တွေ ဒါမှမဟုတ် လုပ်ငန်းလုပ်ကိုင်နေမှုတွေကို နိုင်ငံပြင်ပမှာပဲ ပြောင်းရွှေ့လုပ်ကိုင်သွားဖို့ စဉ်းစားနေကြပြီဖြစ်ကြောင်း ဖြေကြားသွားခဲ့ကြတယ်လို့သိရပါတယ်။" ဗြိတိန် အမှုဆောင်အရာရှိချုပ်တွေဟာဆိုရင် အခုဆိုရင် မသေချာမရေရာမှုတွေကို ဖြစ်နိုင်လောက်တဲ့ ကြိုတင်စီမံကိန်းတွေနဲ့ တုန့်ပြန်ဆောင်ရွက်ဖို့ ပြင်ဆင်နေကြပါပြီ" လို့ KPMG UK ရဲ့ ဥက္ကဌ SimonCollins က ပြောသွားပါတယ်။" Brexit ကိုဖော်ဆောင်လိုက်တာနဲ့တစ်ပြိုင်နက် ဗြိတိန်ရဲ့ စီးပွားရေးလုပ်ဆောင်နိုင်စွမ်းတွေ ပြိုကွဲသွားနိုင်မယ်လို့ တစ်ဝက်လောက်ကယုံကြည်နေကြပါပြီ၊ ဒါကြောင့်မို့ စီအီးအိုအများစုကတော့ ဖြစ်နိုင်ဖွယ်ရာနည်းလမ်းတွေကိုကြိုတင်စဉ်းစားစီမံကိန်းချနေကြတာဖြစ်ပါတယ်"လို့ ၎င်းကပြောပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက် ဆန္ဒခံယူပွဲရလဒ်ကြောင့်တော့ ဗြိတိန်ရဲ့ အနာဂတ်စီးပွားရေးနဲ့ အီးယူနဲ့အကြား ကုန်သွယ်မှုပိုင်းအပေါ်မှာ မသေချာမရေရာမှုတွေ ရှိလာစေခဲ့ပြီပဲဖြစ်ပါတယ်။Credit To >>> SFJ Strategy First Journal
No comments:
Post a Comment