Pages

2.9.16

MCB ရှယ်ယာဈေး နှစ်ဆခန့် တက်ပြီးနောက် ပြန်လည်ကျဆင်း

စတော့အိတ်ချိန်းဝင် ရောက်ပြီး သီတင်းတစ်ပတ်အ တွင်း မြန်မာနိုင်ငံသားများဘဏ် (MCB) ၏ ရှယ်ယာဈေးနှစ်ဆခန့် မြင့်တက်ခဲ့ပြီးနောက် ပထမဦးအကြိမ် ရှယ်ယာဈေးများ ပြန်လည်ကျဆင်းလာကြောင်း သတင်းရရှိသည်။

အဆိုပါ MCB ဘဏ်သည် ရန်ကုန်စတော့အိတ်ချိန်းတွင် အ ခြား ကုမ္ပဏီများထက် အနိမ့်ဆုံး ဈေး ရှယ်ယာတစ်စုလျှင် ကျပ် ၆,၈၀၀ ဖြင့် ရောင်းချပြီးနောက် ၀ယ်လိုအားဆက်တိုက်မြင့်တက် လာခဲ့သော်လည်း စက်တင်ဘာ ၁ ရက်၌ ပြန်လည်ကျဆင်းလာ ကြောင်း ရန်ကုန်စတော့  အိတ်ချိန်းမှ သိရသည်။ MCB ဘဏ်သည် သြဂုတ် ၃၁ ရက်တွင် ရှယ်ယာ အခြေခံဈေးနှုန်း၏ နှစ်ဆခန့်ဖြစ်သည့် ရှယ် ယာတစ်စုလျှင် ကျပ် ၁၃,၅၀၀ သို့ မြင့်တက်ခဲ့သည်။ ယင်းပမာဏသည် အဆိုပါကုမ္ပဏီ၏ ရှယ်ယာဈေးကွက် စတင်သည့် လေးရက်အတွင်း ရောက်ရှိခဲ့သည့် ပမာဏဖြစ်သည်။ သို့သော် စက်တင်ဘာ ၁ ရက်တွင် ရှယ်ယာဈေးပြန် လည်ကျဆင်းလာပြီး ရှယ်ယာတစ် စုလျှင် ကျပ် ၁၂,၀၀၀ ဖြင့် ဈေး ပိတ်ခဲ့သည်။
MCB ဘဏ်၏ ရှယ်ယာဈေး ကျဆင်းလာပြီး ရှယ်ယာအရောင်း အ၀ယ်လည်း လျော့နည်းခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ရှယ်ယာ ၉,၀၀၀  ကျော်သာ အရောင်းအ ၀ယ်ဖြစ်ခဲ့သည်။ သို့သော် ရန်ကုန် စတော့အိတ်ချိန်းတွင်ရှိသည့် ကုမ္ပ ဏီ သုံးခုအနက် ရှယ်ယာပမာဏ အများဆုံးရောင်းချနိုင်သည့် ကုမ္ပ ဏီအဖြစ် ဆက်လက်ရှိနေ ဖြစ် သည်။ ရန်ကုန်စတော့အိတ်ချိန်း တွင် FMI ကုမ္ပဏီသည် ရှယ်ယာ တစ်စုလျှင် ကျပ် ၂၀,၀၀၀၊ သီလ ၀ါအထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပ ဏီသည် ရှယ်ယာတစ်စုလျှင် ၄၂,၀၀၀ ကျပ်ဖြင့် စက်တင်ဘာ ၁ ရက်၌ ဈေးပိတ်ခဲ့သည်။ 
Credit To >>> 7 Day Daily

No comments:

Post a Comment