Pages

23.9.16

နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာကို Myanmar Now သတင်းထောက်ချုပ် ဦးဆွေဝင်း အား ချီးမြှင့်မည်


ရန်ကုန်မြို့ အမှတ် (၉) ရပ်ကွက်၊ လမ်း (၄၀) (အထက်ဘလောက်) ရှိ အင်းဝအပ်ချုပ်ဆိုင်တွင်
အိမ်အကူ မိန်းကလေးငယ် (၂) ဦးကို ညှင်းပန်းနှိပ်စက်မှု ကိစ္စအား စုံစမ်း ဖော်ထုတ် သတင်းရယူပြီး လူမှုရေး အသိစိတ်ဓာတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့သော Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်း အား နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ချီးမြှင်ခြင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် (၉)နာရီခွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ သတင်းမီဒီယာများ သတင်း ရယူနိုင်ပါကြောင်း အသိ ပေးအပ်ပါသည်။
Credit To >>> MOI Webportal Myanmar
 

No comments:

Post a Comment