Pages

24.10.16

ကျပ်သိန်း ၉၀၀ ကျော်ဖြင့် ၀ယ်ယူထားသည့် ပင်ဂွင်ငှက်ကိုးကောင်ကို နေပြည်တော်တိရစ္ဆာန်ဥယျာဉ်တွင် ပြသမည်

နေပြည်တော် တိရစ္ဆာန် ဥယျာဉ်တွင် အများပြည်သူများ အား ပြသရန် တစ်ကောင်လျှင် ယူရိုငွေ ၇,၅၀၀ (ကျပ်သိန်း ၁၀၀ ကျော်) တန်ဖိုးရှိ ပင်ဂွင်ငှက်ကိုး ကောင်ကို ဝယ်ယူခဲ့သည်။

ပင်ဂွင်ငှက် အထီးလေး ကောင်၊ အမငါးကောင်ကို ချက်ကိုစလိုဗက်ကီးယားနိုင်ငံရှိ NatureResource Network မှ ထူးကုမ္ပဏီ က ဝယ်ယူခြင်းဖြစ်သည်။

နေပြည်တော် တိရစ္ဆာန် ဥယျာဉ်တွင် ထားရှိသည့် ပင်ဂွင် ငှက်များ သေဆုံးသွား၍ ပြသရန် အသစ်ပြန်လည်ဝယ်ယူခြင်း ဖြစ်ပြီး ပင်ဂွင်ငှက်များသည် အောက်တိုဘာ ၂၁ ရက်က ရောက်ရှိလာခဲ့ကြောင်း နေပြည်တော် တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးသန်းစိုးအေးက ပြောသည်။

‘‘နေပြည်တော် တိရစ္ဆာန် ဥယျာဉ်မှာ ပင်ဂွင်မရှိတာ တစ်နှစ် ကျော်ပြီ။ အဲဒီအတွက် အစားပြန် လည်ဝယ်ယူတာ။ ဒီတစ်ခေါက် ကတော့ အရင်အတွေ့အကြုံယူ ပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့စီစဉ် ထားပါတယ်’’ဟု ဦးသန်းစိုးအေးက ပြောသည်။

ပင်ဂွင်ငှက် မျိုးရင်းများကို တောင်အမေရိကတိုက်ရှိ အရှေ့ ဘက်ပီရူးနိုင်ငံ၊ ချီလီနိုင်ငံ ကမ်း ခြေတစ်လျှောက်နှင့် ပစိဖိတ်သမုဒ္ဒရာကမ်းခြေတလျှောက်တို့တွင် တွေ့ရပြီး ဖိုမစုံတွဲဖြစ်စေ၊ အုပ်စုဖွဲ့၍ ဖြစ်စေနေထိုင်တတ် ကြသည်။

ပင်ဂွင်ငှက်များကို မူရင်း ဒေသနှင့် ကိုက်ညီစေရန် လေနှင့် ရေကူးကန်အတွင်းရှိ ရေများကို မူရင်းဒေသကဲ့သို့ အပူအအေး ထိန်းညှိပေးထားခြင်း၊ သဘာဝ ကျောက်ဆောင်ပုံစံများ ပြုလုပ် ပေးခြင်း၊ ရောဂါပိုးမွှားသန့်စင်စေ ရန် ဆောင်ရွက်ခြင်းတို့ ပြုလုပ် ထားကြောင်း သိရသည်။
Credit To >>> 7 Day Daily

No comments:

Post a Comment