Pages

7.10.16

မြောက်ကိုရီးယားနျူကလီးယားလုပ်ငန်းခွင်၌ လှုပ်ရှားလုပ်ကိုင်မှုများကို ဂြိုဟ်တုဓါတ်ပုံများတွင် တွေ့ရ


မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်ရာနေရာတွင် စမ်းသပ်မှုအသစ်လုပ်ဆောင်ရန် သို့မဟုတ်
ယခင်ပြုလုပ်ခဲ့သော စမ်းသပ်မှုမှ အချက်အလက်များကို စုဆောင်းရန် ပြင်ဆင်မှုများလုပ်ကိုင်နေသည့် အရိပ်အယောင်များကို မြင်တွေ့ရကြောင်း ဂြိုဟ်တုဓါတ်ပုံများကို ကိုးကားပြီး အမေရိကန် အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။
 ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အဆင့်မြင့် နိုင်ငံတကာလေ့လာရေး ကလုပ်ဆောင်နေသော 38 North အဖွဲ့က ပေါင်းဂဲရီ နျူကလီးယားစမ်းသပ်ရေး လုပ်ငန်းခွင်တွင် ကားကြီးများနှင့် ၀န်ထမ်းများကို အဆောက်အဦးလှိုဏ်ခေါင်း ၃ ခုတွင် လုပ်ငန်းများ လုပ်ကိုင်နေကြသည်ကို တွေ့ရှိရကြောင်းပြောသည်။ အဆိုပါ အဖွဲ့က "အဲဒီလုပ်ငန်းတွေရဲ့ ဖြစ်နိုင်တဲ့ အကြောင်းအရင်းကတော့ စက်တင်ဘာ ၉ ရက်က စမ်းသပ်မှုရဲ့ အချက်အလက်များကို စုဆောင်းဖို့ နဲ့ စမ်းသပ်မှုအသစ်နဲ့ ဆက်စပ်နေတဲ့ အခြားပြင်ဆင်မှုများကိုလုပ်ဆောင်နေခြင်း " ပြောသည်။

Credit To >>> Democracy Today

No comments:

Post a Comment