
အင်အားပြင်း တိုင်ဖုန်း မုန်တိုင်း ချဘာ အောက်တိုဘာလ ၃ ရက်က ဂျပန်နိုင်ငံ တောင်ဘက်အစွန်းပိုင်း အိုကီနာဝါကျွန်းစုဆီသို့ ဦးတည်ချဉ်းကပ်လာ နေခဲ့ရာ လေပြင်းများ ကျရောက်လာခဲ့ပြီး နောက်ပိုင်း လေကြောင်း ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။
တိုင်ဖုန်းမုန်တိုင်းသည် ယင်းနေ့တွင်ပင် အဆိုပါ ကျွန်းစုများသို့ ၀င်ရောက်တိုက်ခတ်မည်ဟု ယူဆရပြီး တစ်နာရီ လေတိုက်နှုန်း ကီလိုမီတာ ၂၅၀ အထိ ရှိလာမည်ဟု ဂျပန် မိုးလေ၀သ အေဂျင်စီက ထုတ်ပြန် သတိပေးထားသည်။
ယင်းမုန်တိုင်းသည် အောက်တိုဘာ ၃ ရက် အစောပိုင်းက အိုကီနာဝါတောင်ပိုင်း ကီလိုမီတာ ၂၇၀ အကွာတွင် ဗဟိုပြုနေခဲ့ပြီး မြောက်ဘက်- အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားလာ နေခဲ့ကြောင်း လည်း အေဂျင်စီက ပြောသည်။ မုန်တိုင်းကြောင့် အိုကီနာဝါကျွန်းရှိ နာဟာ လေဆိပ်တွင် လေကြောင်း ခရီးစဉ်အားလုံး ရပ်ဆိုင်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အိုကီနာဝါကျွန်းသို့ ၀င်ရောက်ပြီးပါက မုန်တိုင်းမှာ အောက်တိုဘာ ၄ ရက်တွင် နိုင်ငံ၏ အဓိကကျွန်း ဟွန်ဆူသို့ ထပ်မံ ၀င်ရောက်မည်ဟု ခန့်မှန်းကြသည်။
တိုင်ဖုန်းမုန်တိုင်းကြောင့် နိုင်ငံ၏ အကြီးဆုံး လေကြောင်းလိုင်း နှစ်လိုင်းဖြစ်သော All Nippon Airways နှင့် Japan Airlines တို့သည်လည်း ပြည်တွင်း ခရီးစဉ်များကို ဖျက်သိမ်းထားရသည်။
Credit To >>> Mizzima Burmese
No comments:
Post a Comment