Brexit အလွန်ကာလမှာတော့ ယင်းနိုင်ငံထဲကို နိုင်ငံတကာက ကျွမ်းကျင်လုပ်သားတွေကို ၀င်ရောက်မှု ပိတ်ပင်တားဆီးခံရမယ့် အရေးရှိနိုင်တယ်လို့အစီရင်ခံစာတစ်ရပ်မှာ ဆိုထားပါတယ်။
LinkedIn ဆိုဒ်ရဲ့ အချက်အလက်တွေအရဆိုရင် ၂၀၁၃ ခုနှစ်နောက်ပိုင်းအီးယူနိုင်ငံပေါင်း ၂၇ နိုင်ငံဆီကနေ ကျွမ်းကျင်လုပ်သား ဗြိတိန်ဆီကိုဝင်ရောက်မှုဟာ ၄၀ ရာခိုင်နှုန်းထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့သုံးနှစ်အတွင်း ယင်းနိုင်ငံ ၂၇ နိုင်ငံဟာ ဗြိတိန်အတွက်တော့ အကြီးဆုံးသောပြည်ပက ကျွမ်းကျင်လုပ်သားထောက်ပံ့ဖြည့်ဆည်းပေးသူတွေ အဖြစ်ရှိခဲ့ကြတယ်လို့လည်း သိရပါတယ်။
အလားတူ ယင်း အီးယူ ၂၇ နိုင်ငံကနေ ဗြိတိန်နိုင်ငံထဲကို ရွှေ့ပြောင်းလုပ်ကိုင်တဲ့ ကျွမ်းကျင်လုပ်သားတွေထဲက သုံးပုံပုံ နှစ်ပုံ လောက်ဟာမာစတာဘွဲ့ ဒါမှမဟုတ် ဒေါက်တာဘွဲ့တွေ ရရှိထားသူတွေ ဖြစ်တာကြောင့်ဗြိတိန်လူဦးရေ ၃၄ ရာခိုင်နှုန်းထက်တောင် မြင့်တက်နေသေးတယ်လို့ သိရပါတယ်။
ယင်းအတွက်ကြောင့်လည်း အနာဂတ်ကာလမှာ အီးယူနိုင်ငံတွေဆီကနေ ရွှေ့ပြောင်းနေထိုင်မှုတွေအပေါ် ကန့်သတ်ပတ်ပင်မှုတွေကြောင့် ဗြိတိန်လုပ်ငန်းတွေကို ကမ္ဘာ့ပေါ်မှာ ကျွမ်းကျင်မှုအရှိဆုံးလုပ်ငန်းခွင်အဖြစ်ကနေ ငြင်းပယ်ခံရတော့မယ့်အခြေအနေကို ရောက်သွားနိုင်တယ်လို့လည်း သိရပါတယ်။
Credit To >>> SFJ Strategy First Journal
No comments:
Post a Comment