‘‘ဒီနိုဝင်ဘာ၊ ဒီဇင်ဘာ နှစ်လကိုပဲ သင်္ဘောကိုးစီးဝင်ဖို့ရှိတယ်။ များသောအားဖြင့်ကတော့ နှစ်ည အိပ် သုံးရက်ခရီးစဉ်တွေပါပဲ။ သင်္ဘောကုမ္ပဏီတွေအများစုက အမေရိကန်အခြေစိုက်တွေပဲများ ပါတယ်။ ဒါပေမဲ့ ခရီးစဉ်ကတော့ စင်ကာပူကို အခြေစိုက်ပြီး ပြေးဆွဲတာဖြစ်ပါတယ်။ စင်ကာပူကနေ စင်ကာပူကို ပြန်ဝင်တာပေါ့။ အဲဒီ ကနေ မြန်မာနိုင်ငံကိုလာကြတာ များပါတယ်’’ဟု Myanmr Voyage ကုမ္ပဏီမှ Operation Assistant Manager ကိုဇာနည် က ပြောသည်။
ခရီးသွားရာသီစတင်သည့် အချိန်ဖြစ်သော နိုဝင်ဘာ ၅ ရက်တွင် အမေရိကန်နိုင်ငံအခြေစိုက် Silversea Cruises မှ ကမ္ဘာလှည့် ခရီးသည်တင်အပျော်စီးသင်္ဘော သည် ထိုင်းနိုင်ငံဖူးခက် ဆိပ်ကမ်း မှတစ်ဆင့် ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း အဆိုပါ ခရီးစဉ်ကို စီစဉ်သည့် Myanmar Voyages ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
အဆိုပါသင်္ဘောခရီးစဉ်ဖြင့် အမေရိကန်၊ ဗြိတိန်၊ သြစတြေး လျ လူမျိုးအများစုပါဝင်သည့်ခရီး သည် ၂၉၈ ဦးလိုက်ပါလာကာ ရန်ကုန်မြို့တွင်းနှင့် သန်လျင်၊ ပဲခူး၊ ပုဂံ၊ မန္တလေးမြို့များသို့ သွား ရောက်လည်ပတ်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်က သီလဝါဆိပ်ကမ်းမှ တစ် ဆင့် မလေးရှားနိုင်ငံ လန်ကာဝီ ကျွန်းသို့ ထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ချက်က ဆို သည်။
မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံ များမှ ခရီးသွားများ လမ်းကြောင်း ပေါင်းစုံမှ ဝင်ရောက်လာမှုများရှိလာပြီး ယခုနှစ်တွင် နယ်စပ်လမ်းကြောင်းများမှတဆင့် ဝင်ရောက်မှုများအပြင် ရေကြောင်းမှ အပျော်စီး သင်္ဘောဖြင့်လည်း ဝင်ရောက်မှုများပြားလာကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
အပျော်စီးသင်္ဘောများ ခရီး စဉ်ကို ပုဂ္ဂလိက ဝန်ဆောင်မှု ဆောင်ရွက်ခွင့်ကို ၁၉၉၅ နောက် ပိုင်းက စတင်ခွင့်ပြုခဲ့ရာ ၂၀၁၆ အောက်တိုဘာအထိ နိုင်ငံတကာ မှ အပျော်စီးသင်္ဘောပေါင်း ၁၄၀ ကျော် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏စာရင်းများက ဆို သည်။
အဆိုပါအပျော်စီးသင်္ဘော ၁၄၀ ကျော်အနက် ၉၂ စီးသည် Myanmar Voyages ကုမ္ပဏီ၏စီ စဉ်မှုဖြင့် လာရောက်ခြင်း ဖြစ် သည်။
ပြီးခဲ့သည့် ၂၀၁၅ က ပြည် တွင်းသို့ လာရောက်လည်ပတ် သည့် နိုင်ငံခြားသားခရီးသွားဧည့် သည် ငါးသန်းခန့်ရှိကာ ယခု ၂၀၁၆ အတွင်း နိုင်ငံခြားသား ခရီးသည်ခုနစ်သန်းခန့် ဝင်ရောက်လာ နိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနက ခန့်မှန်း ထားသည်။
Credit To >>> 7 Day Daily
No comments:
Post a Comment