Pages

17.11.16

လူစီးမော်တော်ယာဉ်ဟောင်းတွေအပ်နှံကာ မော်ဒယ်မြင့်ဘတ်စ် ကားတွေ အစားထိုးတင်သွင်းဖို့ စာရင်းသွင်းသူနည်းပါးနေဆဲ

လူစီးမော်တော်ယာဉ်ဟောင်းတွေအပ်နှံကာ မော်ဒယ်မြင့်ဘတ်စ်ကားတွေ ပြန်လည်တင်သွင်းဖို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ညွှန်ကြားထားပေမယ့် အမှန်တကယ်အပ်နှံဖို့ စာရင်းသွင်းသနည်းပါးနေဆဲလို့ သိရပါတယ်။

တိုင်းအတွင်း ၁၉၉၅ မော်ဒယ်အောက် ဘတ်စ်ကား၊မီနီဘတ်စ်နဲ့ ဘီအမ်မော်တော်ယာဉ်ပေါင်းက နှစ်ထောင်ကျော်အထရှိသော်လည်း အဆိုပါကားဟောင်းတွေ အပ်နှံဖို့စာရင်းသွင်းသူက ၃၀ ၀န်းကျင်သာရှိတယ်လို့ အာဏာပိုင်အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

မြို့တွင်းသယ်ယူပို့ဆောင်ရေး အဆင့်မြင့်တင်နိုင်ဖို့ လာမယ့် ၂၀၁၇ ခုနှစ်မှစတင်ပြီး အများပိုင်ဘတ်စ်ကားစနစ် စတင်နိုင်ဖို့နဲ့ အဆိုပါစနစ်မှာအသုံးပြုမယ့် မော်ဒယ်မြင့်ဘတ်စ်ကားတွေ တင်သွင်းနိုင်ဖို့ ကားအုံနာတွေကို ကားဟောင်းအပ်ပြီး အသစ်ပြန်လည်တင်သွင်းဖို့ တိုက် တွန်းထားတာလည်း ဖြစ်ပါတယ်။

အဆိုပါခရီးသည်တင် ဘတ်စ်ကားတွေအပ်နှံပြီး ရရှိလာတဲ့လူစီးဘတ်စ်ကားစလစ်ဖြင့် ခရီးသည်တင်ဘတ်စ်ကားတွေ ပြန်လည်တင် သွင်းရမှာလည်းဖြစ်ပါတယ်။ အစားပြန်လည်တင်သွင်းလာတဲ့ ဘတ်စ်ကားတွေအနေနဲ့ လည်း CNG ပြန်လည်လျှောက်ထားစရာမလိုဘူးလို့လည်း သိရပါတယ်။

လက်ရှိတိုင်းအတွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ဘတ်စ်ကားပေါင်းက ၅၀၀၀ ၀န်းကျင်ရှိနေပြီး ၉၅ မော်ဒယ်အောက်ဘတ်စ်ကားတွေထဲမှာ မီနီဘက်က ၂၇၀ ကျော်၊ စီးတီးဘတ်စ်ကား ၁၄၀၀ ကျော်နဲ့ ဘီအပ်ယာဉ်က ၄၇၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။


Credit To >>> SFJ Strategy First Journal

No comments:

Post a Comment