
ရန်ကုန်တိုင်းအတွင်းက ကောက်ခံရရှိထားတဲ့ အခွန်ငွေတွေ ကိုပြန်လည်သုံးစွဲရာမှာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း တွေမှာ
ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက် အိမ်ရာတွေအကောင်အထည်ဖော်သွားဖို့ရှိနေပြီး အဌားစနစ်နဲ့ထေိုင် ခွင့်ပြုသွားမှာဖြစ်တယ်လို့ ကော်မတီဥက္ကဋ္ဌဒေါ်စန္ဒာမင်းကပြောပါတယ်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ စက်မှုဇုန်တွေပိုမိုဖွံ့ဖြိုးလာတာနဲ့အမျှ ယင်းလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုက်ကြမယ့် အလုပ်သမားတွေပိုလိုအပ်လာမှာဖြစ်ပြီး ဒီအလုပ်သမားတွေအတွက်နေထိုင်ရေးကိစ္စရပ်တွေကိုလည်း ပိုမိုစဉ်းစားရမှာဖြစ်တယ်လို့ ယင်းတာဝန်ရှိသူကပြောပါတယ်။
အလုပ်ရှင်တွေဘက်ကလည်း လုပ်ငန်းစက်ရုံတွေတည်ဆောက်ကြသလို ကိုယ့်လုပ်ငန်းခွင့်မှာ ၀င်ရောက်လုပ်ကိုင်ကြမယ့် အလုပ်သမားတွအတွက် နေထိုင်စရာအိမ်ရာတွေကိုလည်း ဖြည့်ဆည်းပေးသင့်တယ်လို့လည်း အလုပ်သမားသမဂ္ဂနဲ့ ကော်မတီတာဝန်ရှိသူတွေကပြောပါတယ်။
ထိုကဲ့သို့ဖြေရှင်းနိုင်မှုမရှိပါက စက်မှုဇုန်အတွင်းကျူးကျော်ပြဿနာတွေ တိုးပွားလာသလို လက်ရှိအလုပ်သမား တွေမှာလည်း အခန်းကျဉ်းတွေကို စုပေါင်းဌားရမ်းနေထိုင်နေရတဲ့ ဒုက္ခတွေကြုံနေရအုံးမှာပဲလို့ ကော်မတီတာ ၀န်ရှိသူကပြောပါတယ်။
လက်ရှိမှာတိုင်းအစိုးရအဖွဲ့နဲ့ စက်မှုဇုန်ကော်မတီတာဝန်ရှိသူတွေ အကောင်အထည်ဖော်နေတဲ့ ရွှေလင်းပန်းဝန် ထမ်းအိမ်ရာစီမံ ကိန်းတွေရှိနေပြီး မြေနေရာရရှိမှုအပေါ်မူတည်ကာ ၀န်ထမ်းအိမ်ရာတွေ ထပ်ပြီးအကောင်အ ထည်ဖော်ဖို့စီစဉ်နတယ်လို့ ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဦးအေးသောင်းကပြောဆိုထားပါ တယ်။
Credit To >>> SFJ Strategy First Journal
No comments:
Post a Comment